စစ်အုပ်စု ရန်က လွတ်အောင် မပြေးနိုင်သူတို့ရဲ့ ကံကြမ္မာ

စစ်အုပ်စု ရန်က လွတ်အောင် မပြေးနိုင်သူတို့ရဲ့ ကံကြမ္မာ

MFP ၊ သြဂုတ် - ၂၁

စစ်အုပ်စု ဦးတည်လာပြီ ဆိုတာနဲ့ အညာက ဒေသခံ ပြည်သူတွေဟာ တခြားဘာမှ စဉ်းစား တွေးတောချိန် မရဘဲ စစ်အုပ်စု လက်က လွှတ်မြောက်ဖို့ ပြေးလွှားကြရပါတယ်။

နိုင်ငံတဝန်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကလည်း ကျေးရွာထဲမှာ တွေ့တဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ သ-တ်-ဖြတ်ပါတယ်။ စစ်အုပ်စုဟာ ရွာစဉ်ပတ်မွှေ သောင်းကျန်းရာမှာ သူတို့နဲ့ တွေ့တဲ့ ပြည်သူတိုင်းကို ဒုက္ခပေးနေပြီး သက်ကြီးရွယ်အို မသွားလာ နိုင်သူတွေကို မီးရှို့ သ-တ်တာ၊ လူငယ်တွေကို ညှဉ်းပန်းနှိပ်စက် သ-တ်တာ၊ လူလတ်ပိုင်းတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချပြီး သ-တ်တာ၊ အမျိုးသမီးနှင့် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး သ-တ်ဖြတ်တာမျိုးတွေ ကျူးလွန်နေတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်းက ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်အုပ်စုလက်က လွတ်အောင် ပြေးကြရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၂၆) ရက်က ဆားလင်းကြီးမြို့နယ်၊ ကျောက်မော်ကျေးရွာထဲ စစ်အုပ်စု စီးနင်းဝင်မွှေ လုယက် သောင်းကျန်းခဲ့ပါတယ်။

ကျောက်မော်ရွာဘက် စစ်အုပ်စု ဦးတည်လာချိန် တရွာလုံးက ပြည်သူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေး ကြပေမယ့် လေဖြတ်နေတဲ့ အသက်(၈၀)ကျော်အရွယ် ဦးပွကြီးနဲ့ မြေးဖြစ်သူ အသက်(၂၉)နှစ်အရွယ် ကိုငဘဲ တို့ကတော့ စစ်အုပ်စုလက်က လွတ်အောင် မပြေးနိုင်ခဲ့ကြပါဘူး။

စစ်အုပ်စုလက်က လွတ်အောင်မပြေးနိုင်ဘဲ ကျေးရွာထဲ နှစ်ယောက်ထဲ ကျန်ခဲ့တဲ့ မြေးအဖိုး နှစ်ဦးရဲ့ ကံကြမ္မာကို MFP က တင်ဆက်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဆားလင်းကြီး #မုံရွာ #ကျောက်မော် #မြေးအဖိုး #ရွာ