ပင်လည်ဘူးမှာ ကောက်စိုက်နေသူတွေ အပါအဝင် ဒေသခံ(၄၀)ကျော်ကို PDF လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊ တစ်လကြာအထိ ပြန်မလွှတ်သေး၊

ပင်လည်ဘူးမှာ ကောက်စိုက်နေသူတွေ အပါအဝင် ဒေသခံ(၄၀)ကျော်ကို PDF လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊ တစ်လကြာအထိ ပြန်မလွှတ်သေး၊

MFP ၊ ဩဂုတ် - ၄

စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ်၊ ပလူသာကျေးရွာက ကောက်စိုက်နေသူတွေ အပါအဝင်ဒေသခံ(၄၀)ကျော်ကို PDF လို့ စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးသွားပြီး တစ်လကြာအထိ ပြန်မလွှတ် သေးတဲ့အတွက် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်(၈)ရက်က ပင်လည်ဘူးမြို့ရဲ့ အနောက်ဘက် တစ်မိုင်ခန့်အကွာ ပလူသာရွာက ကောက်စိုက်နေသူတွေ အပါအဝင် လမ်းဘေးတွေ့သမျှလူ ဒေသခံ ပြည်သူ (၄၀)ကျော်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ (၁၁)ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ဒေသခံ (၃၀)လောက်ကတော့ ယနေ့အထိ မလွတ်သေးဘူးလို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့နယ် ပလူသာရွာက ဒေသခံပြည်သူတွေ တစ်လနီးပါးကြာ ဖမ်းဆီးခံရမှုနှင့် ပင်လည်ဘူးနယ်ထဲ အကြမ်းဖက် စစ်အုပ်စု ထင်တိုင်းကျဲ သောင်းကျန်းကာ လုယက်၊ သတ်-ဖြတ်၊ ဖမ်းဆီးငွေညှစ်၊ ဓားပြတိုက်တာတွေ ကျူးလွန်နေတဲ့ အခြေအနေနှင့် ပတ်သက်ပြီး ပင်လည်ဘူး တော်လှန်ရေးအဖွဲ့ - Pinlebu Revolution - PR က ပြန်ကြားရေးတာဝန်ခံ သဇင်ဖြိုး ကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပင်လည်ဘူး #ပြည်သူ #ဖမ်းဆီး #PDF #ဓားပြတိုက်