မြင်းခြံမှာ ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ ဗိုလ် အပါအဝင် စကစ ငါးယောက် သေ ဟုဆို၊

မြင်းခြံမှာ ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ ဗိုလ် အပါအဝင် စကစ ငါးယောက် သေ ဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၈

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ တန်ဆောင်းကျေးရွာထဲ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို စက်တင်ဘာ(၁၆)ရက် ညဦးပိုင်းက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကျော်ကြာ တိုက်ပွဲ ဖြစ်ပြီး ဗိုလ်အဆင့် တစ်ယောက် အပါအဝင် စကစ ငါးယောက် သေတယ်လို့ MGN Tiger တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

MGN Tiger - မြင်းခြံခရိုင်တပ်ရင်း(၂)၊ YSO-ISA နှင့် Wolf Brother တပ်ဖွဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တန်ဆောင်းကျေးရွာတွင် တပ်စွဲနေထိုင်သော စကစများအား ဝင်ရောက်ပစ်ခတ်ရာတွင် ကြာမြင့်ချိန် (၃၅)မိနစ် ဖြစ်ပြီး ခွေးငါးကောင် သေဆုံးခဲ့ပါသည်။ သေဆုံးသည့် ခွေးငါးကောင်မှာ ဗိုလ်တစ်ကောင်၊ တပ်သား သုံးကောင်၊ ပျူတစ်ကောင် ဖြစ်ပါသည်။ စကစဘက်မှ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသူ သုံးကောင်အထက်လို့ သိရပါသည်” လို့ MGN Tiger တပ်ဖွဲ့က ဖော်ပြပါတယ်။

MGN Tiger တပ်ဖွဲ့ အနေနဲ့ မြင်းခြံနယ်ထဲ ရှိနေတဲ့ စစ်အုပ်စုနှင့် ပျူတွေကို ဆက်လက် တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

“မြင်းခြံခရိုင်အတွင်း စကစဘက်မှ ပိတ်ဆို့ထားသော နေရာတိုင်းကို ယခုလိုပဲ ပြန်လည် တိုက်ထုတ်သွားပါမည်ဟု မိဘပြည်သူများအား ကတိသစ္စာ ပြုပါသည်။ မြင်းခြံမှ စကစနှင့် အပေါင်းအပါများကို ဝါးမြိုဖို့ Tiger ပြန်လည် ဆင်းသက်လာပါပြီ။ ထောက်ပို့ ရဲဘော်ကြီးများလည်း Tiger ပြန်လည်ဆင်းသက်ရာမှာ တိုက်ခိုက်ရေး ပစ္စည်းများဝယ်ယူဖို့ တတ်နိုင်တဲ့ အဖက်ဖက်ကနေ လှူဒါန်းပေးဖို့ MGN Tiger page မှ မေတ္တာ ရပ်ခံအပ်ပါသည်” လို့

မြင်းခြံမြို့နယ် အပါအဝင် နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့ မြင်းခြံနယ်တကြောမှာ စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးနေပြီး ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲနေကာ ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်တာ၊ ညှဉ်းပန်း သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #MGNTiger