ကလေးငယ် ငါးဦးနှင့် ပြည်သူ လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတဲ့ ဒီပဲယင်း လက်ယက်ကုန်းရွာ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ် မေးမြန်းချက်၊

ကလေးငယ် ငါးဦးနှင့် ပြည်သူ လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတဲ့ ဒီပဲယင်း လက်ယက်ကုန်းရွာ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ် မေးမြန်းချက်၊

MFP ၊ ဩဂုတ် - ၁၇

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကလေးတွေကို စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီးနဲ့ ခေါင်းတည်ပြီး ပစ်ခတ်သ-တ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ တာဝန်ရှီသူတစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

စက်တင်ဘာ(၁၆)ရက် နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ လာရောက် စီးနင်းပြီး ကလေးငယ်တွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို ရဟတ်ယာဉ်သုံးစီးနဲ့ နာရီဝက်ကျော်ကြာ ခေါင်းစိုက်ထိုးပြီး ပစ်ခတ်ရာ အသက်ငါးနှစ်ကျော်အရွယ် ကလေးငယ် လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ် နှစ်စီးက စကစတွေကို ချထားပေးပြီး အဲ့ဒီ စကစတွေကလည်း လက်ယက်ကုန်းရွာထဲ တရစပ် ဝင်ရောက် ပစ်ခတ်ရာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ငါးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မနေ့က စက်တင်ဘာ(၁၆)ရက် နေ့လည်(၁)နာရီကျော်က စတင်ပြီး ဒီပဲယင်းမြိုကနယ် အရှေ့ခြမ်းက လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် ငါးစီးနဲ့ ထင်တိုင်းကျဲ စီးနင်း ပစ်ခတ်ခဲ့ရာ စာသင်နေတဲ့ ကလေးငယ်တွေ အပါအဝင် ကလေးငယ် ငါးဦးနှင့် လူကြီး လေးဦး၊ စုစုပေါင်း ကိုးဦး သေဆုံးပြီး (၂၂)ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်သူတွေ ထွက်ပြေးနေရပြီး စစ်အုပ်စုက ဒဏ်ရာရတဲ့ ကလေးငယ်တွေနှင့် ဆရာ၊ဆရာမတွေ အပါအဝင် ဒေသခံ အများအပြားကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“ရဟတ်ယာဉ်တွေကို ခေါင်းစိုက်ပြီး ရှယ်ကို ပစ်တာဗျာ။ ပြည်သူတွေ၊ ကလေးတွေ ထိခိုက်သေဆုံးမှု ရှိပါတယ်။ စစ်ခွေးတွေက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးမယ်ဆိုပြီး ကား‌တွေနဲ့ ခေါ်သွားပါတယ်။ ကလေးတွေ သေတာ ငါးယောက်မကပါဘူး။ သေတဲ့အထဲ လူကြီးတွေလည်း ပါပါတယ်။ ရွာကလူတွေ အိမ်ပြန်နိုင်မှ သေဆုံးစာရင်း သိရမယ်ထင်တယ်ဗျ။ အခုတော့ ဘယ်သူမှလည်း ရွာထဲပြန်မသွားရဲကြဘူး။ တိမ်းရှောင်နေကြပါတယ်။ ဆရာဆရာမတွေလည်း အဖမ်းခံရပါတယ်။ လေယာဉ် သုံးစီးနဲ့ ခေါင်းစိုက်ပစ်ပြီး လေယာဉ်နှစ်စီးက စစ်ခွေး အင်အား ချပါတယ်။ စစ်ခွေးတွေ မြေပြင်ရောက်တာနဲ့ တစ်ရွာလုံး ပတ်ပစ်ပါတယ်။ ကျတော်လည်း လုံခြုံရာ ပုန်းနေရပါတယ်။ ပစ်တာ တစ်နာရီကျော်ကြာပါတယ်” လို့ ကိုယ်တိုင်ကြုံရတဲ့ လက်ယက်ကုန်းရွာ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကလေးတွေ စာသင်နေတဲ့ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းကို PDF တွေ ရှိတယ်လို့ ယူဆပြီး ရဟတ်ယာဉ်နဲ့ တရစပ် ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိစာရင်းအရ စစ်အုပ်စုဟာ လက်ယက်ကုန်းရွာက ဆရာ၊ ဆရာမ သုံးဦးနဲ့ ရွာသားတွေ အပါအဝင် ဒေသခံ (၂၀)ခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး စကစတွေဟာ မနေ့ ညနေကတည်းက ရေဦးဘက် ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် လက်ယက်ကုန်းရွာ အပါအဝင် ဒီပဲယင်းနယ် အရှေ့ခြမ်းနှင့် ရေဦးနယ်ထဲက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #လက်ယက်ကုန်း #ကလေးသူငယ်