လက်နက်ကြီး အန္တရာယ် ကြုံလာရင် ဘယ်လို ပုန်းခို ကာကွယ်ကြမလဲ

လက်နက်ကြီး အန္တရာယ် ကြုံလာရင် ဘယ်လို ပုန်းခို ကာကွယ်ကြမလဲ

MFP ၊ သြဂုတ် - ၂၉

၁။ အဆောက်အဦးထဲမှာ ရှိနေချိန် လက်နက်ကြီးအန္တရာယ်ကို ဘယ်လို ကာကွယ်မလဲ၊

အဆောက်အဦးကို လက်နက်ကြီးကျည် ကျပြီဆိုတာနဲ့ ပြတင်းပေါက်တွေ၊ အက်ကွဲနိုင်တဲ့ အရာဝတ္တုတွေနဲ့ အဝေးဆုံးမှာ နေပါ။ ပြတင်းပေါက် မရှိတဲ့ အခန်းတွေဆီ သွားရောက်ပါ။

ခိုင်ခန့်တဲ့ နံရံတွေအနီး ကပ်ပြီး ခန္ဓာကိုယ်ကို နှိမ့်နိုင်သမျှနိမ့်ကာ ထိုင်နေပါ။

မြေအောက်ခန်းပါတဲ့ လုံးချင်းတိုက်တွေမှာဆို မြေအောက်ခန်းထဲ ပုန်းအောင်းရပါမယ်။ အဲ့ဒီလို ပုန်းအောင်းနေကြောင်း စာရေး လမ်းညွှန်ထားဖို့ လိုပြီး တစုံတခု ကြုံလာရင် ကယ်ဆယ်နိုင်ဖို့ပါ။

လက်နက်ကြီးဒဏ်ကြောင့် မြေအောက်ခန်း ပြိုကျနိုင်တဲ့ အန္တရယ်ကိုလည်း သတိပြုရပါမယ်။

၂။ လက်နက်ကြီး အန္တရာယ်ကို လမ်းပေါ်မှာ ကြုံရရင် ဘယ်လိုကာကွယ်မလဲ

လမ်းပေါ်ရောက်နေချိန် လက်နက်ကြီး ပစ်ခတ်မူဖြစ်ပါက အမြန်ဆုံး လှဲချလိုက်ပါ။ ပေါက်ကွဲသံ ကြားတာနဲ့ မြေကြီးပေါ် ဝပ်ချလိုက်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ပုန်းခိုဖို့ ခိုင်ခန့်တဲ့၊ နံရံ၊အကာအကွယ် ရှိတဲ့နေရာ ရှာပါ။

ပေါက်ကွဲမူအတွင်း အန္တရာယ်အရှိဆုံးက အပျက်အစီးတွေကြား ပိမိတာ ဖြစ်လို့ သတိထားပါ။

မြေပြင်နှင့် နီးကပ်လေလေ လုံခြုံလေလေပါ။ ဦးခေါင်းကို မော့မထားပါနဲ့။ မလိုအပ်ဘဲနှင့် မလှုပ်ရှားပါနှင့်။

အကယ်၍ လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်ပွားချိန် ကားထဲမှာ ရှိနေပါက ချက်ချင်း စက်ရပ်လိုက်ပြီး ကားထဲက ထွက်ပါ။ ပြီးရင် ကားကို အကာအကွယ် ပြုပြီး မြေကြီးပေါ် ဝပ်နေလိုက်ပါ။

၃။လက်နက်ကြီး အန္တရာယ်က ကင်းဝေးအောင် ဘယ်လိုနေရာတွေမှာ ပုန်းခိုကြမလဲ

လေဝင်လေထွက် ကောင်းတဲ့ ဗုံးခိုကျင်းတွေ၊ ဗုံးခို အဆောက်အဦးတွေ၊ ထွက်ပေါက်တွေ အများကြီးရှိတဲ့ မြေအောက်ခန်းတွေ၊ မြေအောက်လူကူးလမ်းနှင့် လေဝင်လေထွက်ရှိတဲ့ စတိုခန်းတွေ၊ ကျင်းတွေထဲမှာ ပုန်းခိုတာက အလုံခြုံဆုံး ဖြစ်ပါတယ်။

၄။ဘယ်လိုနေရတွေမှာ ပုန်းခိုမနေသင့်ဘူးလဲ။

အထပ်မြင့် အဆောက်အဦးတွေ၊ သာမန် မြေအောက်ခန်းတွေက လက်နက်ကြီး ဒဏ်ကြောင့် ပြိုကျနိုင်လို့ လုံခြုံမူ မရှိနိုင်ပါဘူး။

ကားအာက်၊ ဈေးဆိုင်ခန်းနှင့် ရုံးခန်းနံရံတွေအောက်မှာလည်း ပုန်းခိုဖို့ မသင့်တော်ပါ။ ပေါက်ကွဲမူ အရှိန်ကြောင့် မှန်နံရံတွေ ပြိုကျနိုင်ပါတယ်။ မီးလောင်စေနိုင်တဲ့ ကုန်သေတ္တာတွေ၊ ပစ္စည်းတွေရှိရာ အဆောက်အဦးအတွင်းပိုင်း နေရာတွေမှာလည်း ပုန်းခိုဖို့ မသင့်တော်ပါ။

(References. How to protect yourself from Shelling- Practical advice From Israel)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လက်နက်ကြီး