ဝက်လက်နယ်က PDF တပ်ဖွဲမှူးသင်တန်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်စီးနင်းခံရမှု မေးမြန်းချက်၊ အလောင်း ရှစ်လောင်း တွေ့ရှိထားပြီး ပျောက်ဆုံးနေသူ (၁၀)ဦးရှိကာ ဒေသခံ(၂၀)ကျော် ဖမ်းဆီးခံထားရ၊

ဝက်လက်နယ်က PDF တပ်ဖွဲမှူးသင်တန်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်စီးနင်းခံရမှု မေးမြန်းချက်၊ အလောင်း ရှစ်လောင်း တွေ့ရှိထားပြီး ပျောက်ဆုံးနေသူ (၁၀)ဦးရှိကာ ဒေသခံ(၂၀)ကျော် ဖမ်းဆီးခံထားရ၊

MFP ၊ အောက်တိုဘာ - ၁၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းက PDF တပ်ခွဲမှူးသင်တန်း ရှိရာနေရာ အပါအဝင် ဝက်လက်နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ်ရာမှာ PDF ရဲဘော်တွေ အပါအဝင် အလောင်းရှစ်လောင်း တွေ့ရှိထားပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ (၁၀)ဦးထက်မနည်း ရှိတယ်လို့ ဝက်လက်နယ် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာ(၈)ရက် နေ့လယ်ပိုင်းက ဝက်လက်နယ် အရှေ့ဘက်ခြမ်း ရှိမ္မကားရွာအနီးက ဘုရားလေးကုန်းနဲ့ ငါးပတ်ချောင်းရွာအနီးက PDF သင်တန်းတည်နေရာကို စစ်အုပ်စုက သတင်းအတိအကျရရှိပြီး ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ် သတ်-ဖြတ်သွားတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ရဟတ်တွေနဲ့ လာရောက် မပစ်ခတ်မီ နှစ်ရက်ခန့်က စခန်းတည်နေရာကို ဒရုန်းတွေနဲ့ထောက်လှမ်းပြီးနောက် အခုလို လာရောက်ပစ်ခတ်သွားတာလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

ဘုရားလေးကုန်းရွာနဲ့ ငါးပတ်ချောင်းရွာတွေထဲ စီးနင်းသောင်းကျန်းပြီးနောက် လက်ရှိမှာ စစ်အုပ်စုက စစ်ရေးအရ နေရာကောင်းတဲ့ ရှိမ္မကားရွာနားက ဒူတင်တောင်ဘုရားကုန်းမှာ စခန်းချနေပြီး အနီးဝန်ကျင်က ဒေသခံပြည်သူ (၂၀)ကျော်ကိုလည်း ဓါးစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဝက်လက်နယ် အရှေ့ခြမ်းက ရွာတွေထဲ စစ်အုပ်စုက ရဟတ်ယဉ်တွေနဲ့ ပစ်ခတ်ပြီး ထင်တိုင်းကျဲ စီးနင်းသောင်းကျန်း သတ်-ဖြတ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ် အခြေပြု ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ထွဲ့ဖြစ်တဲ့ Eagle Guerilla Force တပ်ဖွဲ့က တပ်ရင်းမှူးကို MFP ကဆက်သွယ် မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ဘုရားလေးကုန်း #ငါးပတ်ချောင်း #လေယာဉ် #ရဟတ်ယာဉ် #EagleGuerrillaForce