ပခုက္ကူ ဘုန်းကန်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ တစ်ယောက် သေဟုဆို၊

ပခုက္ကူ ဘုန်းကန်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ တစ်ယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၀

မကွေးတိုင်း ပခုက္ကူမြို့နယ် မြောက်ပိုင်းက ဘုန်းကန် (အရှေ့)ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်း သွားရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စကစ တစ်ယောက် သေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၉)ရက် နေ့လည်(၂)နာရီက ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာထဲက စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက် စခ တစ်ကောင် သေပြီး ငါးကောင် ဒဏ်ရာ ရရှိသွားပါသည်။ ဒဏ်ရာရ ငါးကောင်တွင် သုံးကောင်မှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတွင် ဂိန်သွားနိုင်ပါသည်။ အကြမ်းဖက် စခများမှာ သာလွန်လက်နက်အင်အား ရှိသည်ကို အားပြု၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်သော်လည်း ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့များမှာ အထိအခိုက် အကျအဆုံး မရှိဘဲ ပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့ပါသည်” လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Urban Underground Revolution Force(UURF-YSO)၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(PUGF)၊ Royal Defense Force PKU (RDF)၊ King Cobra People Defense Force ၊ Yesagyo Revolution Group (YRG)၊ ရွှေညာမြေ People Defense Force ၊ Southern YSO PDF နှင့် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #PDF #ဒေသကာကွယ်ရေးတပ်