MFP ရဲ့ အောက်တိုဘာ(၁၈)ရက် မန္တလေး သတင်းများ

MFP ရဲ့ အောက်တိုဘာ(၁၈)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက မဟာမိတ်သုံးဖွဲ့ရဲ့ မိုင်း(၁၅၀)စစ်ဆင်ရေးအဖြစ် စစ်အုပ်စုကို တိုက်ခိုက်ရာ (၆၇)ရက်အတွင်း စကစ (၅၂)ယောက်ကို ငရဲပို့နိုင်ခဲ့တယ်လို့ နွားထိုးကြီး Natogyi People Defence Force - NPDF က သတင်း ထုတ်ပြန်ပါတယ်။ နဂါးနီပြောက်ကြားတပ်ဖွဲ့ - မြင်းခြံ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံနဲ့ နွားထိုးကြီး - NPDF တို့ မြင်းခြံခရိုင် PDF သုံးဖွဲ့ပေါင်းကာ သြဂုတ် (၁၀)ရက်ကနေ အောက်တိုဘာ (၁၆)ရက်အထိ မိုင်း(၁၅၀)စစ်ဆင်ရေးအဖြစ် စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဆင်ရေးအတွက် ကုန်ကျစရိတ် ကျပ်သိန်း (၂၅၀)ကျော် ရှိခဲ့တယ်လို့ ဆိုပြီး စကစ (၅၂)ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေကြည်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဆန်းဝင်းကို ရှင်းလင်းခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ပကဖက သတင်းထုတ်ပြန်ပါတယ်။

၃။ မန္တလေးမြို့၊ အောင်မြေသာစံမြိုကနယ် (၈၈)လမ်းနဲ့ (၁၄)လမ်းထောင့်မှာ ဒီနေ့ နေ့လည်(၁)နာရီဝန်းကျင်က ဆိုင်ကယ်စီးအမျိုးသမီးနှစ်ဦး ဆွဲကြိုးလုယက်ခံရပြီး ဆိုင်ကယ်လဲကျလို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ နေ့၊ည အချိန်မရွေး၊ ရပ်ကွက်မရွေး၊ လမ်းမရွေး လုယက်မှု၊ ဓားပြမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

၄။ မကြာခဏ ဗုံးခွဲတိုက်ခိုက်ခံနေရတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ စစ်အုပ်စုက တပ်စွဲဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ ရပ်ကွက်ရုံးရှေ့ လာသမျှပြည်သူကို ဖမ်းဆီးငွေညှစ်နေပြီး ညအချိန် သေနတ်ပစ်ဖောက် ရမ်းကားတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ