MFP ၊ အောက်တိုဘာ - ၂၇
ပြည်သူတွေကို ဖမ်းဆီးငွေညှစ်ကာ စစ်အုပ်စုအတွက် ဆက်ကြေးကောက်ပေးနေတဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ တောတွင်ရွာ အုပ်ချုပ်ရေးမှူး ခင်မောင်စိုးကို ဒီမနက်ပိုင်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Generation Z Power - GZP ( Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ(၂၇)ရက် မနက်(၁၀)နာရီက ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ တောတွင်ကျေးရွာက စစ်ကောင်စီ သစ္စာခံ အုပ်ချုပ်ရေးမှူး ခင်မောင်စိုးကို GZP (Mandalay) နှင့် မဟာမိတ်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တောတွင်ရွာ အုပ်ကြီး ခင်မောင်းစိုး ဆိုသူ တောတွင်နှင့် အိုင်ကြီးရွာကြားမှာ ပစ်ခတ်ခံရတာ ဖြစ်ပြီး အသက် မသေသေးဘူးလို့ သတင်းကြားရကြောင်း ပုသိမ်ကြီးနယ်အတွင်း နွေဦးတော်လှန်ရေးသတင်းတွေ ဖော်ပြနေတဲ့ မြေပြင်ကင်းထောက်အဖွဲ့ Patheingyi Information - PIF က ဆိုပါတယ်။
ပုသိမ်ကြီးမြို့နယ်က ကျေးရွာတွေ အပါအဝင် မန္တလေးခရိုင်ထဲမှာ စစ်အုပ်စုက လောင်းကစားသမားတွေ၊ ထောင်ထွက်တွေ၊ ပျူတွေကို ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အဖြစ် ခန့်အပ်ထားပြီး ဓားပြတိုက်၊ လုယက်၊ ပြည်သူကို ငွေညှစ်၊ ဆက်ကြေးကောက်စေကာ စစ်အုပ်စုအတွက် ငွေရှာခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #အုပ်ကြီး #GZP #ပုသိမ်ကြီးပကဖ
မန္တလေး ပုသိမ်ကြီးက စစ်ကောင်စီ သစ္စာခံ အုပ်ကြီးကို ပစ်ခတ်ရှင်းလင်း၊ မသေသေး၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024