မန္တလေး မြရည်နန္ဒာအိမ်ရာမှာ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦး တိုက်ပေါ်က ခုန်ချ အဆုံးစီရင်၊

မန္တလေး မြရည်နန္ဒာအိမ်ရာမှာ အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦး တိုက်ပေါ်က ခုန်ချ အဆုံးစီရင်၊

MFP ၊ အောက်တိုဘာ - ၂၆

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာမှာ ဒီမနက်ပိုင်း အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦး တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မြရည်နန္ဒာအိမ်ယာ၊ တိုက်အမှတ် မမ (၂၆)၊ တိုက် (၁၄)မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဒီနေ့ အောက်တိုဘာ(၂၆)ရက် မနက်ပိုင်းမှာ တိုက်ပေါ်က ခုန်ချခဲ့တာလို့ ဆိုပါတယ်။

ခုန်ချချိန်မှာ အသက်မသေသေးဘဲ ဆေးရုံကို ပို့ဆောင်ပေးစဉ်မှာ သေဆုံးသွားတာလို့လည်း လူနာကို ဆေးရုံပို့ပေးခဲ့တဲ့ ပရဟိတအသင်းက ဖော်ပြပါတယ်။

"ကောင်မလေးက အသက်(၂၀)ကျော် (၃၀)ဝန်းကျင်တဲ့။ ခုန်ချတာလို့ ပြောတယ်။ အကျိုးအကြောင်း သေချာတော့ မသိရသေးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ တတိယပတ်အတွင်းကလည်း မြရည်နန္ဒာအိမ်ရာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တိုက်ခန်းအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပါသေးတယ်။

Photo - မြရည်နန္ဒာ လူမှူကယ်ဆယ်ရေးအဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြရည်နန္ဒာအိမ်ရာ #အမျိုးသမီး #ခုန်ချ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ