မတ္တရာ အုတ်ဖိုရွာသစ်က စကစ အုပ်ကြီးကို ရှင်းလင်း၊ သေနတ်တစ်လက်ရ၊ အလောင်းလာကြည့်တဲ့ စစ်ယာဉ်တန်း မိုင်းဆွဲရာ စကစ နှစ်ယောက် သေဟုဆို၊

မတ္တရာ အုတ်ဖိုရွာသစ်က စကစ အုပ်ကြီးကို ရှင်းလင်း၊ သေနတ်တစ်လက်ရ၊ အလောင်းလာကြည့်တဲ့ စစ်ယာဉ်တန်း မိုင်းဆွဲရာ စကစ နှစ်ယောက် သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၉

မန္တလေးတိုင်း မတ္တရာမြို့နယ် အုတ်ဖိုရွာသစ်က စကစခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီး ဆိုသူကို ဒီမနက်ပိုင်းမှာ ရှင်းလင်းသုတ်သင်ခဲ့ပြီး လက်လုပ် သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၆)နာရီမှာ အုတ်ဖိုရွာသစ်က စစ်ကောင်စီ အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးကို နဂါးညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် MDY PDF (Mongoose Squadron) တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ဖမ်းဆီး၊ ငွေညှစ်၊ ရန်ပြု သောင်းကျန်းနေသူ ဖြစ်သလို ပြည်သူကို ဖမ်းဆီး၊ ငွေညှစ် ဆက်ကြေးကောက်ကာ စစ်အုပ်စုအတွက် ငွေရှာပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဆီက လက်လုပ် (ပွိုင့်၂၂) သေနတ်တစ်လက်နဲ့ ကျည် လေးတောင့် သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် မနက်(၁၀)နာရီခွဲမှာ ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးရဲ့ အလောင်းကို လာကြည့်တဲ့ စစ်ယာဉ်တန်းကိုလည်း မတ္တရာနယ် ဈေးသစ်ရွာနဲ့ တံတားကုန်း ရွာကြားမှာ ပဒေသာမိုင်း လေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိတယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့နေပြီး စစ်အုပ်စု သောင်းကျန်းလို့ မတ္တရာနယ် ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ စစ်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ