MFP ၊ အောက်တိုဘာ - ၁၇
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ အပါအဝင် အရာတော်နှင့် ဝက်လက်မြို့နယ်အစပ်၊ မူးမြစ်ကမ်းဘေးက ရွာတွေကို ဖက်ဆစ်တပ်က ဒီမနက် (၇)နာရီကျော်အချိန်မှာ ရဟတ်ယာဉ် တစ်စီးနဲ့ လာရောက် ပစ်ခတ် သောင်းကျန်းသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၁၇)ရက်၊ မနက်(၇)နာရီကျော်မှာ (Mi-35)အမျိုးအစား ရဟတ်ယာဉ်တစ်စင်းနဲ့ ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာနှင့် ရွာသာကြီးကျေးရွာအနီးက ယင်းမတောရွာတွေဘက်အထိ လာရောက် ပစ်ခတ် သောင်းကျန်းသွားတာလို့ ဆိုပါတယ်။
"ဝက်လက်မြို့နယ် အနောက်ခြမ်းကို လာပစ်သော (Mi-35)သည် နမခ ခွေးခြံထဲ ပြန်ဆင်းသွားပြီ။ ခွေး ပုဇဉ်း ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးထိမှန်ထားကြောင်း သတင်းရရှိထား။ (စိုးရိမ်ရ)" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ထိခိုက်မှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ရွှေပန်းကုံးရွာဟာ ဝက်လက်နှင့် အရာတော်မြို့နယ်အစပ်၊ မူးမြစ်ကမ်းဘေးမှာ တည်ရှိပြီး ဖက်ဆစ်တပ်က ရွှေပန်းကုံးရွာ အပါအဝင် အနီးအနားက ရွာတွေကို ရဟတ်ယာဉ်နဲ့ တစ်နာရီဝန်းကျင်ကြာ ပျံသန်းပစ်ခတ် သောင်းကျန်းသွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၈)ရက် နေ့လည်ပိုင်းကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဘုရားလေးကုန်းနှင့် ငါးပတ်ချောင်းရွာတွေဘက်ကို ဖက်ဆစ်တပ်က ရဟတ်ယာဉ် ခြောက်စင်းနဲ့ အနည်းဆုံး တစ်နာရီကျော်ကြာ ပစ်ခတ် သောင်းကျန်းလို့ သင်တန်းတက်နေတဲ့ PDF ရဲဘော်တွေ အပါအဝင် ဒေသခံပြည်သူ အနည်းဆုံး (၁၁)ဦး သေဆုံးခဲ့ပါသေးတယ်။
ဝက်လက်နယ် အရှေ့ခြမ်း ရွာတွေဘက် ရဟတ်ယာဉ်နဲ့ ချထားခဲ့တဲ့ ဖက်ဆစ်အုပ်စုဟာ ဒီနေ့အထိ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေဆဲမို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ (၂၀)ခန့်ကိုလည်း ဖက်ဆစ်တပ်က ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါတယ်။
ဖက်ဆစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းအသုံးပြု တိုက်ခိုက် သတ်ဖြတ်တာတွေကို ထမင်းစား၊ ရေသောက်သဖွယ် ပြုလုပ်ကျူးလွန်နေပြီး စက်တင်ဘာ(၁၆)ရက်ကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်နေတဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ (၁၃)ဦးကို ဖက်ဆစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ပါသေးတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွှေပန်းကုံး #ရွာသာကြီး #အရာတော် #ရဟတ်ယာဉ် #မူးမြစ်
ရွှေပန်းကုံးရွာ အပါအဝင် အရာတော်နှင့် ဝက်လက်နယ်စပ်က ရွာတွေကို ဖက်ဆစ်တပ်က ဒီမနက်ပိုင်း ရဟတ်ယာဉ်နဲ့ ပစ်ခတ်၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024