မန္တလေးမှာ ဗုံးနှစ်လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူရှိ၊

မန္တလေးမှာ ဗုံးနှစ်လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူရှိ၊

MFP ၊ အောက်တိုဘာ - ၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြိုကနယ်၊ (၆၂)လမ်းပေါ်မှာ ဒီမနက်ပိုင်း ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တချို့ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ (၆၂)လမ်း၊ (၂၇)လမ်းနဲ့ (၂၈) လမ်းကြားက အလယ်ပန်းခုံကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲချိန် ဖြတ်သွားတဲ့ လိုက်ထရပ်ကားတစ်စီးနဲ့ လမ်းလျှောက်သူ အမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ခဲ့တယ်လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့တွေက ဖော်ပြပါတယ်။

ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ (၁၁) ရက်တုန်းကလည်း (၆၂)လမ်း၊ (၂၉)လမ်းနဲ့ လမ်း(၃၀) ကြားမှာ စစ်အုပ်စုက ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေချိန် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဧပြီလက (၆၂)လမ်းပေါ် ဗုံးကွဲအပြီး တွေ့ရတဲ့ စကစတွေ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #၆၂လမ်း #ဗုံးပေါက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ