MFP၊ စက်တင်ဘာ - ၂၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့က ညနေပိုင်း မြိုရှောင်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ကားငါးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးမိုင်းထိပြီး လမ်းဘေး ထိုးရပ်သွားသလို အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF(Kalay)က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၂၅)ရက် ညနေ(၄၀နာရီခွဲက ကလေးမြို၊ မြိုလှရပ်ကွက်၊ မြိုရှောင်လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို စစ်ကားငါးစီး မောင်းနှင်လာစဉ် PDF(Kalay) တပ်ဖွဲဝင်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"(စစ်အုပ်စု)အထိခိုက်တော့ ရှိပါတယ်ဗျ။ အတိအကျ မသိရသေးပါဘူး " လို့ PDF(Kalay) မိုင်းတပ်ခွဲမှ တော် လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့ပြီး မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို PDF(Kalay) တပ်ဖွဲက ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ကလေးမြို့မှာ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #မြို့ရှောင်လမ်း
ကလေးမြို့မှာ စစ်ကားငါးစီးကို မိုင်းဆွဲတိုက်ခိုက်၊ တစ်စီး မိုင်းထိကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024