မုံရွာ ပကဖ က ကာဘိုင်နဲ့ မိုင်းတွေ ထုတ်လုပ် အောင်မြင်ပြီး ရပ်ရွာ ပကဖ အဖွဲ့တွေထံ ဖြန့်ဝေပေးနေ၊

မုံရွာ ပကဖ က ကာဘိုင်နဲ့ မိုင်းတွေ ထုတ်လုပ် အောင်မြင်ပြီး ရပ်ရွာ ပကဖ အဖွဲ့တွေထံ ဖြန့်ဝေပေးနေ၊

MFP ၊ သြဂုတ် - ၁၂

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မုံရွာ ပကဖ က ကာဘိုင်သေနတ်တွေ၊ မိုင်းတွေ အမျိုးအစား အစုံအလင် ထုတ်လုပ် အောင်မြင်ပြီး ကျေးရွာ ပကဖ တွေကို ဖြန့်ဝေပေးနေတာ သေနတ် အလက်(၅၀)ကျော်နှင့် မိုင်းအလုံး (၃၀၀)ကျော် ရှိပြီလို့ မုံရွာ ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မုံရွာ ပကဖ က စနိုက်ပါအဖြစ် တီထွင်ဖန်တီး ထုတ်လုပ်ထားတဲ့ ကာဘိုင်တွေဟာ ပြောင်းအရစ်ပါပြီ ကျည်ဘောက်ထိုး ကာဘိုင်တွေ ဖြစ်ကာ (၅.၅၆)ကျည်၊ (၇.၆၂)ကျည်နှင့် (G-3)ကျည် စတဲံ ကျည်တွေနဲ့ ထည့်သွင်း ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်၏ ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်သော ပြောင်းအရစ်ပါ ဘာဘိုင် ဘောက်ထိုး (5.56၊ 7.62၊ G-3) လက်နက်ငယ်များနှင့် မိုင်းအမျိုးအစားများ ဖြစ်ပါသည်။ ပကဖ မုံရွာမြို့နယ်၏ လမ်းညွန်မှု့နှင့်အညီ ဖွဲ့စည်ထားသော ကျေးရွာ ပကဖ များအတွက် အဓိက ထုတ်လုပ် ဖြန့်ဝေပေးလျှက် ရှိပါသည်။ ဖြန့်ဝေပြီး လက်နက်ငယ် အချောင်းရေ (၅ဝ) ကျော် နှင့် မိုင်းအမျိုးမျိုး အလုံး (300) ကျော် ဖြန့်ဝေပြီး ဖြစ်ပါတယ်” လို့ မုံရွာ ပကဖ က ဖော်ပြပါတယ်။

No photo description available.

အိန္ဒိယနိုင်ငံထုတ် ကာဘိုင် စနုက်ပါတစ်လက်ကို ကျပ်သိန်း (၁၀၀)ကျော်အထိ ဈေးပေး ဝယ်ယူနေရချိန်မှာ နိုင်ငံတဝန်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ သေနတ်တွေ ကိုယ်တိုင် ထုတ်လုပ်ပြီး လက်နက်အားကိုးနှင့် လူသ-တ်၊ လုယက်၊ အကြမ်းဖက် နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

May be an image of wrist watch and saddle-stitched leather

No photo description available.

May be an image of outdoors

မုံရွာ ပကဖ က ထုတ်လုပ် အောင်မြင်ခဲ့တဲ့ လက်နက်များ/Photo - ပကဖ မုံရွာ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ပကဖ #သေနတ် #မိုင်း #PDF #ကာဘိုင်

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ