ကျွန်းလှမှာ စစ်အုပ်စုက ပြည်သူကိုးဦးကို သ-တ်ပြီး ရှစ်ဦးကို မီးရှို့ကာ တစ်ဦးကို ရေမျှော၊ စစ်ပြေးပြည်သူတွေထဲမှ လူငယ်(၃၀)ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊

ကျွန်းလှမှာ စစ်အုပ်စုက ပြည်သူကိုးဦးကို သ-တ်ပြီး ရှစ်ဦးကို မီးရှို့ကာ တစ်ဦးကို ရေမျှော၊ စစ်ပြေးပြည်သူတွေထဲမှ လူငယ်(၃၀)ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား၊

MFP၊ သြဂုတ် - ၃၁

စစ်ကိုင်းတိုင်း ကျွန်းလှနယ်ထဲ ထင်တိုင်းကျဲ လုယက် မီးရှို့ သ-တ်-ဖြတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ သြဂုတ်(၂၆)ရက်က တည်ပင်ဆိပ်ရွာကို ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ်ကာ ဝင်မွှေ လုယက်ခဲ့ပြီးနောက် ဒေသခံပြည်သူ ကိုးဦးကို သ-တ်-ဖြတ်ပြီး ရှစ်ဦးကို မီးရှိကာ ကျန်တစ်ဦးကို ရေမျှောလိုက်တယ်လို ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ်(၂၆)ရက် ညနေပိုင်းက ကျွန်းလှနယ် တည်ပင်ဆိပ်ရွာကို စစ်အုပ်စုတွေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် စီးနင်းခဲ့ရာမှာ ဒေသခံပြည်သူ ကိုးဦး သ-တ်-ဖြတ်ခံလိုက်ရတာ ဖြစ်ပြီး ရုပ်အလောင်းတွေပါ နေအိမ်တွေနှင့်အတူ မီးရှိ့ ဖျောက်ဖျက်ခံရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

တည်ပင်ဆိပ်ရွာမှာ စစ်အုပ်စုက သ-တ်ဖြ-တ်သွားတဲ့ ဒေသခံပြည်သူ ကိုးဦးအနက် မီးရှို့ခံထားရသူ ရှစ်ဦးဟာ မည်သူမည်ဝါ အတိအကျ မသိရသေးဘဲ မူးမြစ်ထဲ ရေမျှောခံရသူကတော့ တည်ပင်ဆိပ်ရွာသား အသက်(၄၀)အရွယ် ဦးတင်မင်း ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုက သ-တ်-ဖြတ်ပြီး မူးမြစ်အတိုင်း ရေမျှောလိုက်တဲ့ ဦးတင်မင်းရဲ့ အလောင်းကို ကောလင်းနယ်ထဲမှာ ဒေသခံတွေက အလောင်းဆယ်ယူပြီး သဂြိလ်ပေးခဲ့တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ စီးနင်းသောင်းကျန်းလို့ ဒေသခံပြည်သူတွေ တည်ပင်ဆိပ်ရွာ ရွာဘုန်းကြီးကျောင်းထဲ စုဝေးပုန်းခိုနေချိန် စစ်အုပ်စုက တစ်အိမ်တက်ဆင်း ဖောက်ထွင်းကာ ရွှေ၊ ငွေနဲ့ တန်းဖိုးကြီး ပစ္စည်းတွေ ခိုးယူလုယက်ခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းထဲ ပုန်းခိုနေသူတွေထဲက လူငယ်(၃၀) ခန့်ကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို ဆိုပါတယ်။

"(အိမ်တွေ ဖောက်ထွင်းခိုးယူသွားတဲ့ ပမာဏ) ခန့်မှန်းတော့ မရဘူးဗျ။ ရွှေလုပ်ငန်းလုပ်တဲ့ နယ်မြေဆိုတော့ တော်တော်ပါလိမ့်မယ်။ ကျွန်တော်တို မြိုနယ်ရွာတွေဘက်က ဆွဲကြိုးဝတ်ရင်တောင် နှစ်ကျပ်သား၊ သုံးကျပ်သားကုံး ဝတ်ကြတာ များတယ်" လို ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားသူတွေဟာ တည်ပင်ဆိပ် တစ်ရွာတည်းက မဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ လက်ခုပ္ပင်၊ ပေတပင်၊ တကုန်း၊ ပန်းပရဲ၊ တည်ပင်ဆိပ်၊ နောင်ဦး စတဲ့ ရွာတွေက စစ်ပြေးပြည်သူတွေ ဖြစ်ကာ တည်ပင်ဆိပ်ရွာ ဘုန်းကြီးကျောင်းထဲ ပုန်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရတာလို ကျွန်းလှ တက်ကြွလှူပ်ရှားသူများ အဖွဲက ရှင်းပြပါတယ်။

တည်ပင်ဆိပ်ရွာဟာ လူဦးရေ (၁၀၀၀)ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး စစ်အုပ်စုက ထင်တိုင်းကျဲ လုယက် သ-တ်-ဖြတ် သောင်းကျန်းသွားတာကြောင့် တည်ပင်ဆိပ်ရွာက ဒေသခံပြည်သူတွေ အခုချိန်ထဲ ရွာထဲ နေဝံ့သူမရှိဘဲ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၂၃)ရက် ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်း သုံးမြို့နယ် အစပ်မှာ ရွာစဉ်ပတ်မွှေ လုယက် သ-တ်ဖြတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အတုန်း အရုန်းသေကာ တိုက်ပွဲရှုံးပြီးနောက် အခုလို ဒေသခံပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက အိမ်တွေ မီးရှို့၊ သ-တ်-ဖြတ် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်ထဲ ဆက်လက် သောင်းကျန်းနေဆဲ ဖြစ်ပြီး ဒီကနေ့မှာ တစ်ဖွဲ့က ကိုင်းဝန်းရွာမှာရှိနေပြီး နောက်တဖွဲ့က ပေပင်ချောင်နဲ့ မော်တုန်ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်း မီးရှိဖျက်ဆီးနေတယ်လို ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက တည်ပင်ဆိပ်ရွာကို ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ် လုယက်ပြီး ဒေသခံ ပြည်သူတွေကို သ-တ်-ဖြတ်ကာ နေအိမ်တွေနှင့်အတူ မီးရှို့ခဲ့စဉ်/Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျွန်းလှ #ကန့်ဘလူ #ကောလင်း #တည်ပင်ဆိပ်ရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ