မန်းစည်ပင် အိမ်ရာဝင်းထဲ ဗုံးပေါက်၊ စစ်အုပ်စုက လမ်းပိတ်ကာ သောင်းကျန်းရမ်းကားပစ်ခတ်၊

မန်းစည်ပင် အိမ်ရာဝင်းထဲ ဗုံးပေါက်၊ စစ်အုပ်စုက လမ်းပိတ်ကာ သောင်းကျန်းရမ်းကားပစ်ခတ်၊

MFP ၊ စက်တင်ဘာ - ၂၃

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ (၆၉) လမ်းနဲ့ (၃၆) လမ်းထောင့်က မန္တလေး စည်ပင် အိမ်ရာဝင်းအတွင်းမှာ ဒီနေ့ညနေပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ရမ်းကားသောင်းကျန်း ပစ်ခတ်နေသလို လမ်းပိတ်ဆို့ကာ လာသမျှလူ ဆဲဆိုရန်ပြု​နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ (၂၃)ရက် ညနေ (၄)နာရီခွဲကျော်က စည်ပင် အိမ်ရာဝင်းထဲက စစ်အုပ်စု တပ်စွဲထားတဲ့နေရာအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး စကစတွေက သေနတ်တွေနဲ့ လမ်းသွားလမ်းလာတွေကို ရမ်းသမ်းပစ်ခတ်တယ်လို့ ဆိုပါတယ်။

“ ဗုံးကွဲပြီးတဲ့နောက် ချက်ချင်းပဲ သေနတ်ပစ်သံတွေက ထွက်လာတယ်၊ ဗုံးကွဲတာကြောင့် ရဲခွေးနှစ်ကောင် ထိသွားတယ်လို့တော့ ကြားရတယ်၊ သေချာတော့ မသိရသေးဘူး၊ အခု လမ်းတွေ ပိတ်ထားတယ် “ လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီအိမ်ရာဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကြာခဏ ဗုံးထုတိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး စကစ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဗုံးထုတိုက်ခိုက်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဗုံးထုခံရတဲ့အတွက် အိမ်ရာတည်ရှိတဲ့ မဟာမြိုင်ရပ်ကွက်ကို ဧည့်စာရင်း ဝင်စစ်ဆေးနိုင်တယ်လို့ မြို့ခံတွေက သတိပေးထားပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မန္တလေး စည်ပင်အိမ်ယာ (ပုံဟောင်း)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စည်ပင်အိမ်ရာ #ဗုံးပေါက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ