အမရပူရ မြစ်ငယ်မြို့မှာ မြစ်ငယ် MN PDF နာမည်သုံးပြီး ဒေသခံတွေကို ခြိမ်းခြောက်ငွေညှစ်နေ၊

အမရပူရ မြစ်ငယ်မြို့မှာ မြစ်ငယ် MN PDF နာမည်သုံးပြီး ဒေသခံတွေကို ခြိမ်းခြောက်ငွေညှစ်နေ၊

MFP ၊ စက်တင်ဘာ - ၁၈

မန္တလေးမြို့၊ အမရပူရမြို့နယ် မြစ်ငယ်မြို့မှာ မြစ်ငယ် MN PDF ရဲ့ နာမည်ကို အသုံးပြုပြီး ဒေသခံ ပြည်သူတွေထံ ခြိမ်းခြောက်စာပို့တာ၊ ဖုန်းဆက် ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး အဲ့ဒီလို လုပ်ဆောင်သူတွေကို စုံစမ်းပြီး အရေးယူမယ်လို့ မြစ်ငယ် MN PDF က ထုတ်ပြန်ပါတယ်။

“ပြည်သူတွေကို ခြိမ်းခြောက်စာပို့တာပါ။ MN PDF ကို ပုံရိပ်ကျအောင် လုပ်နေတယ်လို့ မြင်မိတယ်။ သေချာ စုံစမ်းနေပါတယ်။ သိရရင် ချက်ချင်း အရေးယူမှာပါ” လို့ မြစ်ငယ် MN PDF ရဲဘော်နစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ဒေသခံ ပြည်သူတွေကို ခြျမ်းခြောက် ငွေညှစ်တဲ့ လုပ်ရပ်မျိုး မြစ်ငယ် MN PDF က လုပ်ဆောင်မှာ မဟုတ်ဘဲ အများပြည်သူ အနေနဲ့လည်း အထင်အမြင် မလွဲကြဖို့နှင့် သတိထားကြဖို့ MN PDF က တိုက်တွန်းပါတယ်။

“ MN PDF နာမည်ဖြင့် အလွဲသုံးစားလုပ်ပြီး စာပို့ခြိမ်းခြောက် သတိပေးခြင်း၊ ဖုန်းဆက်ပြီး ခြိမ်းခြောက် သတိပေးခြင်းတို့သည် MN PDF အဖွဲ့မှ လုပ်ဆောင်ခြင်း မဟုတ်ပါ “ လို့ MN PDF က အသိပေး ထုတ်ပြန်ပါတယ်။

မြစ်ငယ် MN PDF ဟာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့ ဖြစ်ပြီး လတ်တလောမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေသူတွေကို သု-တ်-သင် ရှင်းလင်းတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြစ်ငယ် MN PDF ကို ဖြိုခွင်းနိုင်ဖို့ ကြိုးစားနေပြီး လါန်ခဲ့တဲ့ လတွေအတွင်း ငါန်းဇွန်နယ် မြို့သာဘက်မှာ MN PDF တပ်ဖွဲ့စခန်း စီးနင်းခံရကာ ရဲဘော်လေးဦး ကျဆုံးပြီး (၃၀)ကျော် ဖမ်းဆီးခံခဲ့ရသလို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့သစ်က စစ်တပ်ထွက် ဗိုလ်မှူးဟောင်းပိုင် Green House တည်းခိုခန်းမှာ တည်းခိုမိချိန် တည်းခိုခန်းက စစ်အုပ်စုကို သတင်းပေးတာကြောင့် စစ်အုပ်စုက MN PDF ရဲဘော် ခြောက်ဦးကို ဖမ်းဆီး သ-တ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ကြုံခဲ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်ငယ် #MNPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ