MFP ၊ စက်တင်ဘာ - ၁၅
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က တော်လှန်ရေးရဲဘော် စစ်သမီးတွေ လေ့ကျင့်နေတဲ့ ပုံတွေ ထုတ်ပြန်ပြီး ကွပ်ကဲမှုနှင့် စစ်စည်းကမ်း ကောင်းမွန်တဲ့ အမြဲတမ်းတပ်ဖွဲ့အသွင် လေ့ကျင့်ပြင်ဆင် စုဖွဲ့ လျှက်ရှိကြောင်းနှင့် တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က ဒီနေ့ ထုတ်ပြန်ပါတယ်။
“ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် အဆင့်ဆင့်ကွပ်ကဲမှုနှင့် စစ်စည်းကမ်း ကောင်းမွန်မှုတို့ကို အလေးထား၍ အမြဲတမ်းတပ်ဖွဲ့အသွင် စနစ်တကျ လေ့ကျင့် ပြင်ဆင် စုဖွဲ့လျှက်ရှိသည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့်အတူ လက်တွဲ တိုက်ပွဲဝင်များမည့် ရဲဘော်အသစ်များကို ခေါ်ယူလျှက်ရှိသည်” လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ဖော်ပြပါတယ်။
မန္တလေးတိုင်းကို အခြေပြုဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှာ မန္တလေး သာမက စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ရန်ကုန် အပါအဝင် ပြည်နယ်နဲ့ တိုင်း အသီးသီးက တော်လှန်ရေး ရဲဘော်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
“ရဲဘော်သစ်အတွက်က အသက် (၁၈)နှစ် ပြည့်ပြီး ရောဂါ ကင်းရှင်းရမယ်ဆိုရင် ရပြီ“ လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုးကြိုးက MFP ကို ပြောပါတယ်။
တပ်ဖွဲ့ဝင်အသစ်အဖြစ် ဝင်ရောက်လိုသူတွေ အနေနဲ့ Mandalay People’s Defence Force ရဲ့ Facebook Page ကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MDYPDF #မန္တလေးPDF
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က စစ်သမီးတွေ လေ့ကျင့်နေတဲ့ပုံ ထုတ်ပြန်၊ တပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူနေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024