MFP၊ စက်တင်ဘာ - ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ထောင်ဖောက်ပြီး ထွက်ပြေးလာတဲ့ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူ လူငယ်ငါးဦးကို တော်လှန်ရေးတပ်ဖွဲတွေက ပူးပေါင်းကယ်ထုတ်ကာ လွတ်မြောက်နယ်မြေ ပို့ပေးနိုင်ခဲ့ပြီလို ပခုက္ကူအခြေစိုက် Young Force(UG)အဖွဲက သတင်း ထုတ်ပြန်ပါတယ်။
မနေ့ စက်တင်ဘာ (၁၀)ရက်က ပခုက္ကူမြို့ အကျဉ်းထောင်ကနေ ကိုယ့်အစီအစဉ်နဲ့ကို ထွက်ပြေး လွတ်မြောက်လာတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးနှင့် နိုင်ငံရေးအကျဉ်းသား သုံးဦးကို ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) နှင့် အတူ ဒေသခံ LDF တွေ ဖြစ်ကြတဲ့ ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF၊ Young Force (UG)တပ်ဖွဲ၊ ပခုက္ကူမြိုပြ ပြောက်ကျားတပ်ဖွဲ(၂)၊ Pakokku Ranger ၊ RSO(PKU) တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
"လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် နှစ်ဦး၊ တခြား နိုင်ငံရေး ပုဒ်မများဖြင့် မတရား ဖမ်းဆီးခံထားခြင်းခံရသူ သုံးဦး ပါဝင်ပြီး ယင်းတို ငါးဦးစလုံး လွတ်မြောက် ဘေးကင်းရာသို ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်"လို့ Young Force(UG)က ဖော်ပြပါတယ်။
အထက်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေရာကဏ္ဍ အသီးသီးမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ မြိုနယ် ပ.က.ဖ နှင့် အခြားသော နယ်မြေခံ အဖွဲအစည်း၊ မဟာမိတ် တပ်ဖွဲတွေ အားလုံးကို လွတ်မြောက်လာသူတွေရဲ့ ကိုယ်စား အထူး ကျေးဇူးတင်ရှိပါတယ်လို့လည်း Young Force(UG)အဖွဲက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ (၉)ရက် မနက်ပိုင်းက ပခုက္ကူအကျဉ်းထောင်ထဲ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ငါးဦးဟာ ပခုက္ကူမြို့မ ရဲစခန်းမှူး၊ တပ်မ (၁၀၁) စစ်အရာရှိတွေ အပါအဝင် ထောင်အာဏာပိုင်တွေနှင့် ညှိနိုင်း ငွေကြေးပေးကာ ထောင်ဖွက် ထွက်ပြေးနိုင်ခဲ့တာလို့ နီးစပ်သူ ဒေသခံတွေက ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပခုက္ကူ #ထောင်ဖောက်မှု