ကလေးမြို့မှာ ခရိုင် မွေး/ကုဌာန ဒု-ညွှန်မှူး ပစ်ခတ်ခံရပြီး သေဆုံး၊

ကလေးမြို့မှာ ခရိုင် မွေး/ကုဌာန ဒု-ညွှန်မှူး ပစ်ခတ်ခံရပြီး သေဆုံး၊

MFP ၊ သြဂုတ် - ၂၈

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနေ့ ညနေပိုင်းက ကလေးခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ဒု-ညွှန်မှူး ဒေါက်တာ မြင့်ဝင်း ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ သတင်း ရရှိပါတယ်။

သြဂုတ်(၂၇)ရက် မနေ့က ညနေ(၆)နာရီခွဲခန့်က ကလေးခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ဒု-ညွှန်မှူး ဖြစ်သူ ဒေါက်တာမြင့်ဝင်း ဆိုင်ကယ်စီးနင်း သွားလာနေချိန် ကလေးမြို၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာလို့ ဆိုပါတယ်။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး PDF တွေက သ-တ်-ဖြတ်တာလို့ စစ်လော်ဘီတွေက သတင်းဖြန့်နေပြီး ဘယ်သူက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို MFP အနေနဲ့တော့ အတိအကျ မသိရသေးပါဘူး။

စစ်အုပ်စုဟာ ကလေးမြို့ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်တာ၊ အိမ်တွေ မီးရှို့တာတွေ ကျူးလွန်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်ပြီး စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #ဒုဦးစီးမှူး #မွေးကု #ဆရာဝန် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ