DGF တပ်ဖွဲ့က အသစ်ဝင်ရောက်လာတဲ့ ရဲဘော်၊ ရဲမေတွေကို စစ်သင်တန်းပေး၊

DGF တပ်ဖွဲ့က အသစ်ဝင်ရောက်လာတဲ့ ရဲဘော်၊ ရဲမေတွေကို စစ်သင်တန်းပေး၊

MFP ၊ သြဂုတ် - ၁၅

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အတွက် အသစ် ထပ်မံ ဝင်ရောက်လာတဲ့ ရဲဘော်တွေ၊ ရဲမေတွေကို အခြေခံ စစ်ပညာသင်တန်း ပို့ချပေးခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ - အောက်ချင်းတွင်း - DGF က သတင်း ထုတ်ပြန်ပါတယ်။

"DGF တပ်ဖွဲ့သို့ ယုံကြည်ဝင်ရောက်ကြတဲ့ ပြည်သူ့သားကောင်း ရဲဘော်/ရဲမေသစ်များကို အခြေခံစစ်ပညာနဲ့ ပြောက်ကျားနည်းဗျူဟာများ လေ့ကျင့်သင်ကြားပေးခဲ့တယ်" လို့ DGF က ဖော်ပြပါတယ်။

အဲ့ဒီ စစ်သင်တန်းဟာ အမှတ်စဥ် (၆)ဖြစ်တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့် ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာခရိုင်တပ်ရင်း #သင်တန်းဆင်းပွဲ #PDF #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ