မုံရွာ Special Forces – 11 PDF က ကိုယ်တိုင်ထုတ် လက်နက်တွေ မိတ်ဆက်ပြသ၊ ကုန်ကြမ်းဝယ်ဖို့ အလှူခံ၊

မုံရွာ Special Forces – 11 PDF က ကိုယ်တိုင်ထုတ် လက်နက်တွေ မိတ်ဆက်ပြသ၊ ကုန်ကြမ်းဝယ်ဖို့ အလှူခံ၊

MFP ၊ သြဂုတ် - ၂၁

မုံရွာနယ်မှာ အခြေပြု လှုပ်ရှားနေတဲ့ Special Forces – 11 PDF က ကိုယ်တိုငထုတ် လက်နက်တွေကို မိတ်ဆက်ပြသပြီး လက်နက်တွေ ဆက်လက် ထုတ်လုပ်နိုင်ရေး ကုန်ကြမ်းဝယ်ယူဖို့အတွက် ထောက်ပံပေးကြဖို့ အလှူခံထားပါတယ်။

Special Forces – 11 PDF က လက်ရှိ ထုတ်လုပ်အောင်မြင်ထားတဲ့ လက်နက်တွေထဲမှာ ကာဘိုင်၊ တစ်တောင့်ထိုး သေနတ်နှင့် ရှေ့ထွက်-နောက်ထွက် လက်နက်ကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“စမ်းသပ်ထုတ်လုပ်ပြီးလို့ အောင်မြင်ပြီးသော လက်နက်တွေရှိသလို နောက်ထပ်လည်း ဒီထက်ပိုမိုထိရောက်မှု အားကောင်းမဲ့ လက်နက်တွေထုတ်လုပ်ဖို့ ကျန်ရှိနေပါသေးတယ်။ အဲဒီလို ထုတ်လုပ်နိုင်ဖို့အတွက်ကတော့ ထုတ်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူဖို့ ကျွန်တော်တို့မှာ ငွေကြေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ aနရပါတယ်ခင်ဗျ။ မိဘပြည်သူများအားလုံး ဝိုင်းဝန်းကူညီပေးကြပါအုံးလို့ တောင်းဆိုပါတယ်။ သေနတ်အစစ်တွေ မကိုင်ရပေမဲ့လည်း မိဘပြည်သူတွေ တပ်ဆင်ပေးထားတဲ့ ဒီ လက်လုပ် လက်နက်ခဲယမ်းတွေနဲ့ မြေပြင်မှာ တိုက်ပွဲတိုင်း အောင်မြင်ချင်ပါတယ်။ ရဲဘော်တိုင်းကို လက်နက်ကိုယ်စီတပ်ဆင်ပေးနိုင်ဖို့အတွက် တတ်စွမ်းနိုင်သော မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အနေနဲ့ ကျွန်တော်တို့ရဲ့ page messengerမှာ တိုက်ရိုက်ဆက်သွယ်ပြီး ပါဝင်ကူညီထောက်ပို့ပေးကြပါအုံးလို့ ထပ်မံ မေတ္တာရပ်ခံအပ်ပါတယ်” လို့ Special Forces – 11 PDF က ဖော်ပြပါတယ်။

လက်ရှိမှာ Special Forces – 11 PDF အနေနဲ့ အများပြည်သူ ထောက်ပံ့ လှူဒါန်းမှုတွေကို တော်လှန်ရေးအတွက် အကျိုးရှိအောင် အသုံးချနေတယ်လို့လည်း ဆိုပါတယ်။

“ကျွန်ုပ်တို့ Special Forces – 11 (PDF) သည် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးနဲ့ ချိတ်ဆက်ပြီး (ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်တစ်ခုဖြစ်တဲ့) လက်နက်ခဲယမ်းများ ထုတ်လုပ်နိုင်မှု နည်းပညာများကို လေ့လာသင်ယူခဲ့ပြီး (မိမိတို့အဖွဲ့အစည်း၏ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့) မဟာမိတ် အဖွဲ့အစည်းများသို့လည်း စမ်းသပ်ထုတ်လုပ် အောင်မြင်ပြီးသော လက်နက်များ၊ နည်းပညာများအား ဝေမျှအသုံးပြုသွားဖို့ အစီအစဉ်များလည်း ရှိနေပါတယ်” လို့ Special Forces – 11 PDF က ဖော်ပြပါတယ်။

နိုင်ငံတကာထုတ် လက်နက်တွေ ဝယ်ယူအသုံးပြုနိုင်တာ မရှိသေးသလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်နက် ထောက်ပံ့ပေးနိုင်တာ မရှိသေးချိန်မှာ နိုင်ငံတဝန်းက တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ လက်နက်တွေ ကိုယ်တိုင်စမ်းသပ် ထုတ်လုပ်ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #SpecialForces–11PDF #လက်နက်