MFP ၊ ဩဂုတ် - ၁၇
စစ်ကိုင်းတိုင်း ကသာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒရုန်းသုံးပြီး ဗုံးထု တိုက်ခိုက်ခဲ့ရာမှာ စကစတွေ အသေအပျောက် ရှိခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ကသာ ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၆)ရက်က ကသာမြို့နယ်၊ ဆင်ကုန်တိုင်ကျေးရွာကနေ မိုးတားလေးဘက် ဆင်းလာတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ခဲ့မှုနှင့် သြဂုတ်(၁၀)ရက်က ကသာနယ် ခတက်ချောင်ရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ရွာထိပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံတွေကို ကသာ ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
“စစ်ခွေးများ ခတက်ချောင် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသည်ကို ကသာမြို့နယ် ပကဖ drone team မှ ဗုံးချခဲ့ပါသည်။ ခွေးတစ်ကောင်သေ၊ သုံးကောင် ဒဏ်ရာရကြောင်း သိရှိရပါသည်။ အင်တာနက် အခက်အခဲရှိပြီး စစ်ရေးအရ မအားလပ်၍ ယခုမှ တင်ပြနိူင်ခြင်းဖြစ်ပါသည်” လို့ ကသာ ပကဖ ကဖော်ပြပါတယ်။
ယခုရက်ပိုင်းအတွင်း ကသာနယ်ထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ဝင်မွှေသောင်းကျန်း လုယက်နေပြီး သြဂုတ်(၁၆)ရက်က စတင်ကာ ငါးအိုး(၁၂၁)တပ်နှင့် ရွှေကူ (၅၆)၊(၆၀၂)တပ်က စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ကစာနယ် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းက ကျောက်ထုံးကြီး တိုက်နယ်ထဲ ဝင်မွှေသောင်းကျန်းနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ နေအိမ်ဖောက်ထွင်း ခိုးယူလုယက်တာ၊ ဓားပြတိုက်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ဗုံး #ပကဖ #ဒရုန်း #ပြည်သူ #PDF