MFP ၊ ဩဂုတ် - ၁၂
Photo-Simple Light,Spring Revolution
မန္တလေးသပိတ်အင်အားစုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မိုးသပိတ်ကို ဒီနေ့ ဩဂုတ်လ (၁၂)ရက် မိုးထဲရေထဲမှာ လုပ်ဆောင်ခဲ့ကြတယ်လို့ သပိတ်မှာ ပါဝင်သူတွေဆီက သိရပါတယ်။
" မင်းတို့ကောင်တွေ ဘယ်လောက်ဖြိုဖြိုဘယ်လောက်ဖိဖိ ငါတို့ကဘယ်တော့မှပြိုလဲမသွားမယ့် ပစ်တိုင်းထောင်စိတ်ဓာတ်နဲ့ ပုန်ကန်နွယ်တွေပဲကွ" စာသားပါဘန်နာကိုင်ဆောင်ပြီး စစ်အုပ်စုရဲ့ အဖမ်းအဆီးအစစ်ဆေးကြမ်းနေတဲ့ မန္တလေးမြို့ပေါ်တစ်နေရာမှာ မိုးထဲရေထဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ကြတယ်လို့ ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးသပိတ်အင်အားစု #မိုးသပိတ် #မန္တလေးသပိတ်