မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက လူငယ်နှစ်ဦးကို ဖမ်းပြီး လူမြင်ကွင်းမှာ နှိပ်စက်ညှဉ်းပန်း၊

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက လူငယ်နှစ်ဦးကို ဖမ်းပြီး လူမြင်ကွင်းမှာ နှိပ်စက်ညှဉ်းပန်း၊

MFP ၊ အောက်တိုဘာ - ၁၂

မန္တလေးမြို့၊ လမ်းမတွေပေါ်မှာ အုပ်စုဖွဲ့ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး လူမြင်ကွင်း လမ်းပေါ်မှာ နှိပ်စက်ညှဉ်းပန်းနေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၇၈)လမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လမ်းထောင့်မှာ ဒီနေ့ ညနေပိုင်း လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက လူငယ်နှစ်ဦးကို ဖမ်းဆီးထားပြီး လမ်းပေါ် ဒူးထောက်ခိုင်းကာ အော်ဟစ်ဆဲဆို ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

" ဒူးထောက်ခိုင်းပြီးတော့ ရိုက်နှက်နေတာ တွေ့တယ်၊ အော်ဟစ်ဆဲဆိုတာလည်း အကျယ်ကြီးပဲ " လို့ သူက ရှင်းပြပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခံထားရပြီး လမ်းပေါ် လူမြင်ကွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ လူငယ်နှစ်ဦးက ဘယ်သူတွေလဲဆိုတာကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

" 78*38လမ်းထောင့် ခွေးအဖွဲ့စုံ စစ်‌ဆေးနေသည့်နေရာတွင် ကလစ်ဘီး အနက်ရောင် စီးလာသည့် အသက်(၂၀)ဝန်းကျင် အင်္ကျီအနက်ကွက် လက်ရှည်နှင့် အဝါရောင်‌ဗြောင်လက်ရှည် ဝတ်ထားသည့် ကောင်လေး နှစ်ယောက်အား လမ်းကိုကျောပေးကာ ဒူးထောက်ခိုင်းထားပြီး အရပ်ဝတ်ဖြင့်‌ ခွေးများမှ ဒေါသတကြီး စက်ဖြင့်ပြောရင်း အော်ဟစ်နေကြောင်း သိရ " လို့ မန္တလေး မြေပြင်ကင်းထောက် VOMDY ကလည်း ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ အုပ်စုဖွဲ့ ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဆက်ကြေးတောင်းတာ၊ ရပ်ကွက်တွေ လမ်းတွေကို ပိတ်ဆို့ပြီး အိမ်တွေထဲထိ စီးနင်းဝင်မွှေ သောင်းကျန်းတာတွေ လုပ်နေသလို ပြည်သူကို စိတ်ထင်တိုင်း ရိုက်နှက်ညှဉ်းပန်းတာတွေလည်း လုပ်နေတယ်လို့ မြိုကခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်းကလည်း မန္တလေး မြို့ခံလူငယ် အများအပြားကို စစ်အုပ်စုက ဖမ်းဆီးပြီး ပြောက်ကျားရဲဘော် - UG တွေလို စွပ်စွဲကာ ဒီနေ့ဖမ်းပြီး နောက်နေ့ သတ်ဖြတ် အလောင်းစွန့်ပစ်တာတွေ လုပ်ဆောင်သလို မန္တလေး နန်းတွင်း စစ်ကြောရေးမှာလည်း ဖမ်းဆီးထားသူတွေကို ညှဉ်းပန်းသတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို အုပ်စုဖွဲ့ ငွေညှစ်နေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လူငယ် #ဖမ်းဆီး #လူမြင်ကွင်းနှိပ်စက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ