MFP ၊ သြဂုတ် - ၁
စစ်ကိုင်းတိုင်း တမူးမြို့နယ် အခြေပြု တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) - တမူး PDF တပ်ရင်း(၃)က အခြေခံစစ်သင်တန်းအတွက် သင်တန်းသားသစ်တွေ လက်ခ့ခေါ်ယူနေတယ်လို့ ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
အခြေခံ စစ်သင်တန်း တက်ရောက်ဖို့အတွက် အသက် (၁၈)ကနေ (၃၅)နှစ် အတွင်း၊ ကျန်းမာရေး အထူးကောင်းမွန်သူ၊ ပင်ပန်းဆင်းရဲမှုဒဏ် ကြံ့ကြံ့ခံနိုင်သူ၊ စစ်သင်တန်းကာလအတွင်း မိသားစု၊ ဆွေမျိုးများ နှင့် အဆက်အသွယ် ဖြတ်တောက်ထားနိုင်သူ၊ စစ်အာဏာရှင် ပြုတ်ကျသည် အထိ စစ်မှုထမ်းနိုင်သူတွေ လျှောက်ထားနိုင်တယ်လို့ တမူး PDF တပ်ရင်း(၃)က ဖော်ပြပါတယ်။
May be an image of 2 people, people standing and outdoors
အခြေခံ စစ်သင်တန်း တက်ရောက်ပြီး PDF ထဲ ဝင်လိုသူတွေ အနေနဲ့ တမူး PDF တပ်ရင်း(၃)ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ People's Defense Force Tamu တပ်ရင်း ၃ (https://www.facebook.com/PDFTamu/?ref=page_internal) မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
တမူး PDF တပ်ရင်း(၃)က တပ်ဖွဲ့ဝင်တချို့/Photo - တမူး PDF တပ်ရင်း (၃)
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #ကဘော် #PDF #စစ်သင်တန်း #ရဲဘော်