MFP ၊ ဩဂုတ်-၁၀
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်အုပ်စု အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းတချို့ ကို Fox army – HPDF က ထုတ်ပြန်ပါတယ်။
ထီးချိုင့်မြို့နယ်ထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုကို ကသာခရိုင် PDF တပ်ရင်း(၃) ၊ ကျောင်းသားတပ် ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထီးချိုင့်ပကဖအဖွဲ့တွေ ပူပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်တွေအတွင်း စစ်ကောင်စီဘက်က (၃၀)ဝန်းကျင် သေပြီး ဒေသကာကွယ်ရေးတပ်တွေဘက်ကတော့ အကျအဆုံးမရှိခဲ့ဘူးလို့ ထီးချိုင့်ဒေသက ပကဖ အဖွဲ့ Fox army – HPDF က ထုတ်ပြန်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #ကသာ #ဒေသကာကွယ်ရေးတပ်