မန္တလေးမှာ ဘုရားထဲ စုနေတဲ့ စကစတွေ ဗုံးထုခံရ၊ နှစ်ယောက် ဒဏ်ရာရပြီး တစ်ယောက် သေဖို့များ

မန္တလေးမှာ ဘုရားထဲ စုနေတဲ့ စကစတွေ ဗုံးထုခံရ၊ နှစ်ယောက် ဒဏ်ရာရပြီး တစ်ယောက် သေဖို့များ

MFP ၊ ဩဂုတ် - ၁၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက စစ်အုပ်စုရဲ့ ကင်းစခန်းတစ်ခုကို ဒီနေ့မနက် (၈)နာရီခွဲခန့်က ဗုံးထုခံရပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်၊ ၃၆ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ဒဟတ္တောဘုရားဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ကင်းစခန်းကို ဗုံးထုခံရတာဖြစ်ပြီး သဲအိတ်ဘန်ကာထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

” မနက် (၉) နာရီလောက်အုန်းခနဲအသံကြားရတယ်၊ နှစ်ယောက်တော့ ကားနဲ့တင်သွားတယ်ကြားတယ်၊ သေမသေတော့ မသိဘူး “ လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုကြောင့် ကင်းစောင့်နေရတဲ့ တပ်ကြပ်ကြီး ဇော်ကွန်းမှာ မစိုးရိမ်ရ ဒဏ်ရာ ရခဲ့ပြီး တိုင်းအကူရဲတပ်ဖွဲ့ခွဲက ရဲတပ်သား ကျော်ထူးလွင်မှာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တဲ့အတွက် နန်းတွင်းထဲက စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သတင်းရင်းမြစ်ဆီက ထပ်မံ သိရပါတယ်။

ဓာတ်ပုံ - ပုံဟောင်းအသုံးပြုထားခြင်းဖြစ်ပါသည်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒဟတ္တောဘုရား #စကစကင်းစခန်း #ဗုံးထုခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ