ပြည်သူ(၄၀)ကျော်ကို ဖမ်းကာ လူသားဒိုင်းကာပြီး စစ်အုပ်စုက အိမ်ခြေ(၄၀၀၀)ကျော်ရှိတဲ့ မူးကမ်းကြီးရွာကို နှစ်ရက်ဆက် မီးရှို့နေ၊ နောက်ဆုံးကျန်တဲ့ ရပ်ကွက်ကို မီးရှို့နေပြီမို့ “တစ်ရွာလုံး ကုန်ပြီ”လို့ဆို၊

ပြည်သူ(၄၀)ကျော်ကို ဖမ်းကာ လူသားဒိုင်းကာပြီး စစ်အုပ်စုက အိမ်ခြေ(၄၀၀၀)ကျော်ရှိတဲ့ မူးကမ်းကြီးရွာကို နှစ်ရက်ဆက် မီးရှို့နေ၊ နောက်ဆုံးကျန်တဲ့ ရပ်ကွက်ကို မီးရှို့နေပြီမို့ “တစ်ရွာလုံး ကုန်ပြီ”လို့ဆို၊

MFP၊ သြဂုတ် - ၉

ဒေသခံပြည်သူ (၄၀)ကျော်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် သမားတွေဟာ အိမ်ခြေ(၄,၀၀၀)ကျော်ရှိတဲ့ မူးကမ်းကြီး ခေါ် မူးကမ်း-ဆူးတပ်ရွာကို မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတာကြောင့် “တစ်ရွာလုံး ကုန်ပြီ”လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်၊ ဒီပဲယင်းမြိုနယ် အရှေ့တောင်ခြမ်းက အိမ်ခြေ (၄,၀၀၀)ကျော်ရှိတဲ့ မူးကမ်း-ဆူးတပ်ရွာကြီးကို ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ ပထမအကြိမ် ဝင်မွှေလုယက် မီးရှို့ခဲ့ပြီး အိမ်ခြေ(၁၆၀)ကျော် ပြာကျခဲ့သလို ယခု သြဂုတ်(၈)ရက်က စတင်ပြီး ဒုတိယအကြိမ် ဓားပြတိုက်လုယက် မီးရှို့နေတာလို့ ဆိုပါတယ်။

ပြည်သူ(၄၀)ကျော်ကို ဖမ်းကာ လူသားဒိုင်းကာပြီး စစ်အုပ်စုက အိမ်ခြေ(၄၀၀၀)ကျော်ရှိတဲ့ မူးကမ်းကြီးရွာကို နှစ်ရက်ဆက် မီးရှို့နေ၊

နောက်ဆုံးကျန်တဲ့ ရပ်ကွက်ကို မီးရှို့နေပြီမို့ “တစ်ရွာလုံး ကုန်ပြီ”လို့ဆို၊

MFP၊ သြဂုတ် - ၉

ဒေသခံပြည်သူ (၄၀)ကျော်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် သမားတွေဟာ အိမ်ခြေ(၄,၀၀၀)ကျော်ရှိတဲ့ မူးကမ်းကြီး ခေါ် မူးကမ်း-ဆူးတပ်ရွာကို မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတာကြောင့် “တစ်ရွာလုံး ကုန်ပြီ”လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရွှေဘိုနှင့် ဒီပဲယင်းနယ်စပ်၊ ဒီပဲယင်းမြိုနယ် အရှေ့တောင်ခြမ်းက အိမ်ခြေ (၄,၀၀၀)ကျော်ရှိတဲ့ မူးကမ်း-ဆူးတပ်ရွာကြီးကို ပြီးခဲ့တဲ့ ဇွန်လကလည်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ ပထမအကြိမ် ဝင်မွှေလုယက် မီးရှို့ခဲ့ပြီး အိမ်ခြေ(၁၆၀)ကျော် ပြာကျခဲ့သလို ယခု သြဂုတ်(၈)ရက်က စတင်ပြီး ဒုတိယအကြိမ် ဓားပြတိုက်လုယက် မီးရှို့နေတာလို့ ဆိုပါတယ်။

မူးကမ်းကြီးရွာ ရပ်ကွက်တွေထဲ ပေါက်တော၊ ဆူးတပ်အရှေ့ပိုင်း၊ ရွာလယ်၊ မူးကမ်းအရှေ့ပိုင်း တို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ကာ ယခု ညနေပိုင်းမှာ ကျန်နေသေးတဲ့ မြောက်တောရပ်ကွက်ကို ဆက်ပြီး မီးရှို့နေတာကြောင့် “တစ်ရွာလုံး ကုန်ပြီ”လို့ ဒေသခံတွေက ပြောပါတယ်။

မူးကမ်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်း ရှိတဲ့အထဲက ဒီကနေ့ စစ်အုပ်စု မီးရှို့တဲ့အထဲ ရွာလယ်ဘုန်းကြီးကျောင်း တစ်ကျောင်း သေချာပေါက် မီးထဲပါသွားပြီး ကျန်တဲ့ ကျောင်းတွေရဲ့ အခြေအနေကို မသိရသေးကြောင်း၊ ဒါ့အပြင် မူးကမ်းကြီးရွာ ဈေးတန်းရပ်ကွက်က ဈေးဆိုင်ခန်း (၁၅၀)ကျော်လည်း မီးထဲပါသွားပြီး ဈေးဆိုင်တန်းအနီးက ရဲစခန်းနဲ့ တိုက်နယ်ဆေးရုံတွေ မီးထဲပါ မပါဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမား အင်အား(၈၀)လောက်ဟာ မူးကမ်းကြီးရွာကို မဝင်ခင် ဒီပဲယင်းနယ်ထဲ ရွာတွေဖြစ်တဲ့ ကိုင်းကန်၊ လျော်ဖြူ၊ ထန်းတပင်၊ အင်ပင်၊ တိုက်ရွာ စတဲ့ ကျေးရွာတွေကိုလည်း ဝင်မွှေလုယက် ဓားပြတိုက်ကာ ရွာလုံးကျွတ်နီးပါး မီးရှိဖျက်ဆီးခဲ့ပြီး သြဂုတ် (၈)ရက် မနေ့က မနက်ပိုင်းမှာ မူးကမ်းကြီးရွာကို စတင်ဝင်ရောက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

"အဲရွာတွေကို အကုန်ရွာလုံးကျွတ် မီးရှိပြီး ဖမ်းမိတဲ့သူတွေကို လူသားဒိုင်း လုပ်လာတာ။ အခုဆို လူပေါင်း (၄၀)ဝန်းကျင်လောက် ရှိတယ်တဲ့"လို ဒီပဲယင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူတွေဟာ လျှော်ဖြူရွာက (၁၄)ဦး၊ နဂါးဗိုလ်ရွာက (၁၂)ဦး၊ အင်ပင်ရွာက ကိုးဦး၊ ယခင် ခေါ် ရွာဒင်ကြီးရွာက နှစ်ဦး၊ ဘုရားထွက်၊ ကိုင်းကံနဲ့ မြင်းတန့်ရွာက တစ်ဦးစီ၊ စုစုပေါင်း (၄၀)ဦး ဖြစ်တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲက စာရင်းပြုစု ဖော်ပြထားပါတယ်။

စစ်ကောင်စီ အကြမ်းဖက်သမားတွေက မူးကမ်းကြီးရွာထဲကို ဝင်မွှေလုယက် မီးရှို့ရာမှာတော့ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားသူတွေကို စစ်ဝတ်စုံတွေ ဝတ်ခိုင်းကာ ခိုးရာပါ ပစ္စည်းတွေ သယ်ပိုးခိုင်းတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မူးကမ်ကြီးရွာက စိတ်ကျန်မာရေး မကောင်သူ တစ်ဦး အပါအဝင် ဒေသခံ ပြည်သူတချိုကိုလည်း ထပ်မံ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ရွာထဲ စိတ်မနှံလို ကျန်ခဲ့တဲ့သူကိုလည်း ဖမ်းပြီး လူသား ဒိုင်းလုပ်ထားတာ"လို ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

လက်နက်အားကိုးနှင့် ဒီပဲယင်းနယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက် သမားတွေဟာ ဇူလိုင်(၁၇)ရက်ကတည်းက ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူနယ်တွေထဲ ရဟတ်ယာဉ်တွေနဲ့ ရောက်လာပြီး ရွာစဉ်ပတ်မွှေကာ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပြီး အဲ့ဒီကတဆင့် ဒီပဲယင်းနယ် အနောက်ခြမ်းကို ဆက်မွှေ သောင်းကျန်းခဲ့ပါတယ်။ သြဂုတ်(၄)ရက်မှာ ဒီပဲယင်းနယ် အနောက်ခြမ်းကနေ ဒီပဲယင်းနယ် အရှေ့ခြမ်းက ကိုင်းကံရွာထဲ ရဟတ်ယာဉ်တွေနဲ့ ရွှေ့ပြောင်းရောက်ရှိလာပြီး လက်ရှိအချိန်ထိ ဒီပဲယင်းနယ် အရှေ့ခြမ်းက ရွာတွေထဲ ထင်တိုင်းကျဲ လုယက် သောင်းကျန်း သ-တ်-ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေ ယခု သြဂုတ်လအထိ တစ်နှစ်ကျော်အတွင်း ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာ (၃၀)ကျော် ရှိပြီး ပြည်သူ့နေအိမ် (၁၀၀၀)ဝန်းကျင် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့က ဖော်ပြထားပါတယ်။

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာ ပထမအကြိမ် မီးရှို့ခံရစဉ်နှင့် ယနေ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ရွာလုံးကျွတ် လုယက် မီးရှို့နေစဉ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #မူးကမ်းကြီး #ဆူးတပ် #အိမ် #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ