MFP ၊ ဩဂုတ် - ၉
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာနေတဲ့ ထွန်စက်မောင်းသူတစ်ယောက်ရဲ့ ဖုန်းထဲမှာ မြေဧကစကေးတိုင်းတာတဲ့ ဆော့ဝဲလ်တစ်ခုတွေ့တဲ့အတွက် စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်စစ်ဆေးစဉ်မှာ သေဆုံးခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၈)ရက် မနက်ပိုင်းက နွားထိုးကြီးမြို့ကို စျေးသွားဝယ်ချိန် သာမန်ရွာမြောက်ဖက်လမ်းပိုင်းမှာ စစ်ဆေးနေတဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
အဲဒီနောက် စစ်အုပ်စု တပ်စွဲထားတဲ့ ဆေးထိုးရွာ ကန်နီဘုန်းကြီးကျောင်းမှာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီး ညပိုင်းမှာ သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။
နွားထိုးကြီးမှာ ဩဂုတ်လ (၇)ရက်နေ့က မြို့ထဲမှာတပ်စွဲထားတဲ့ စစ်အုပ်စု ခြင်းခတ်နေချိန် နွားထိုးကြီး NPDF ကသေနတ်နဲ့ အနီးကပ်ဝင်ပစ်လို့ စစ်ဗိုလ်အပါအဝင် လေးယောက် သေဆုံးခဲ့တယ်လို့ NPDF ထုတ်ပြန်ထားပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ဖမ်းဆီးရိုက်နှက် #သေဆုံး
နွားထိုးကြီးမှာ ထွန်စက်မောင်းသူဖုန်းထဲက မြေဧကစကေးတိုင်းတဲ့ဆော့ဝဲလ်တွေ့လို့ စစ်အုပ်စုက ဖမ်းဆီးသ-တ်ဖြ-တ်
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024