ပုသိမ်ကြီးနယ် ဖယောင်းတောင်ကြောမှာ PDF စခန်းတွေရှိတယ်ဆိုပြီး စစ်အုပ်စုက တောနင်းရှာဖွေ

ပုသိမ်ကြီးနယ် ဖယောင်းတောင်ကြောမှာ PDF စခန်းတွေရှိတယ်ဆိုပြီး စစ်အုပ်စုက တောနင်းရှာဖွေ

MFP ၊ ဩဂုတ် - ၈

မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ကြားက ဖယောင်းတောင်ကြောမှာ PDF တွေရှိတယ်ဆိုပြီး စစ်အုပ်စုက ဒီနေ့ တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တောရွာအနီးမှာရှိတဲ့ ဖယောင်းတောင်ပေါ်ကို PDF စခန်းရှိတယ်ဆိုပြီး အဖမ်းခံထားရသူ အမျိုးသမီးတစ်ဦးနဲ့အတူ လာရောက်ရှာဖွေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ တောင်ကြောအနောက်ဘက်က ဂန္ဓမာ ၊ကန်ကြီး၊ ကန်ပြင် စတဲ့ ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်နိုင်တဲ့အတွက် ပြည်သူတွေ ဂရုစိုက်ကြဖို့လိုတယ်လို့လည်း Patheingyi Information က အသိပေးထားပါတယ်။

စစ်အုပ်စုဟာ အခုရက်ပိုင်းမှာ မန္တလေးမြို့က လူငယ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာဖြစ်ပြီး သူတို့ကတစ်ဆင့် ဆက်စပ်သူတွေကို လိုက်လံရှာဖွေနေတာပဲ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #ဖယောင်းတောင် #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ