MFP ၊ ဩဂုတ် - ၈
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲမှာ မူးယစ်ဆေးရောင်းနေသူကို နေအိမ်မှာ လက်နက်နဲ့အတူ ဖမ်းမိိခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ထုတ်ပြန်ပါတယ်။
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ထဲက နေအိမ်တစ်ခုမှာ လက်နက်ကိုင်ပြီး မူးယစ်ဆေးရောင်းနေတယ်လို့ သတင်းပေးသူရှိတာကြောင့် စစ်အုပ်စုက သွားရောက်တဲ့အခါမှာ အိမ်ရှင် ကိုရဲ(ခ) ရဲဝင်းအောင်နဲ့အတူ နောက်ထပ် (၇)ယောက်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ်မှာ ဆက်လက်ရှာဖွေတဲ့အချိန် အိပ်ခန်းနှစ်ခုထဲမှာ ဆေးခြောက်ပင်တွေကို မီးအလင်းရောင်အသုံးပြုပြီး စိုက်ပျိုးထားတာ တွေ့ရတာ၊ ဆေးခြောက်အရွက်တွေကို အသုံးပြုထားတဲ့ ဆေးလိပ်တွေ၊ ကွတ်ကီးမုန့်တွေနဲ့အတူ အမေရိကန်နိုင်ငံလုပ် SIG SAUER တံဆိပ်ပါ ၉ မမ ပစ္စတို တစ်လက်နဲ့ ကျည် (၅) တောင့်တို့ကို တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေဆီမှာ လက်နက်ကိုင်ဆောင်ထားတာကို တွေ့တာ ပထမဆုံးဖြစ်ပြီး နောက်ဆက်တွဲ အမှုဖွင့်အရေးယူမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မူးယစ်ဆေး #ဆေးခြောက် #လက်နက် #ဖမ်းမိ