နွားထိုးကြီးမြို့မှာ ခြင်းခတ်နေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ အနီးကပ်ပစ်ခတ်၊ ဗိုလ်အဆင့် အပါအဝင် စကစ လေးယောက်သေဟုဆို၊

နွားထိုးကြီးမြို့မှာ ခြင်းခတ်နေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ အနီးကပ်ပစ်ခတ်၊ ဗိုလ်အဆင့် အပါအဝင် စကစ လေးယောက်သေဟုဆို၊

MFP ၊ သြဂုတ်- ၈

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ် အထိုင်ချနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ မနေ့ညနေပိုင်း ခြင်းခတ်နေချိန် နွားထိုးကြီး NPDF က လက်နက်ကြီးနဲ့ အနီးကပ် ဝင်ရောက် ပစ်ခတ်ခဲ့ရာ ဗိုလ်အဆင့် အပါအဝင် စကစ လေးယောက် သေတယ်လို့ Natogyi People Defence Force - နွားထိုးကြီး NPDF က သတင်းထုတ်ပြန်ပါတယ်။

မြို့လယ်ကောင် ဆောက်လုပ်ရေးရုံးဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ပစ်တာဖြစ်ပြီး ဗိုလ်အပါအဝင် လေးယောက် သေတဲ့အပြင် ဒဏ်ရာရခဲ့တဲ့ နောက်ထပ် ငါးယောက်ကလည်း ဆန့်ငင်ဆန့်ငင် ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နွားထိုးကြီး NPDF ဟာ နွားထိုးကြီးနဲ့ မြင်းခြံနယ်ထဲက စစ်အုပ်စုကို မကြာခဏ တိုက်ခိုက်နေတာဖြစ်ပြီး များများသေရင် မြန်မြန်ပြီးမယ်၊ မြန်မြန်ပြီးစေချင်ရင် များများလှူပါလို့လည်း တိုက်တွန်းထားပါတယ်။

နွားထိုးကြီးမြို့ပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတချို့/PHOTO - s

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #အနီးကပ်ပစ်ခတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ