CCTV မှတ်တမ်းတွေ စစ်အုပ်စုထံ ပေးပို့နေတဲ့ စဉ့်ကူး တန်ပိုဂိတ်ကို သမန်းကျားအဖွဲ့က သတိပေး

CCTV မှတ်တမ်းတွေ စစ်အုပ်စုထံ ပေးပို့နေတဲ့ စဉ့်ကူး တန်ပိုဂိတ်ကို သမန်းကျားအဖွဲ့က သတိပေး

MFP ၊ စက်တင်ဘာ - ၁၆

မန္တလေး - မိုးကုတ် - ဗန်းမော် ကားလမ်းပေါ်မှာ တည်ရှိတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက တန်ပိုဂိတ်တွေဟာ CCTV မှတ်တမ်းတွေကို စစ်အုပ်စုထံ ပေးပို့နေတဲ့အတွက် အဲဒီ တန်ပိုဂိတ်တွေ တိုက်ခိုက်တော့မှာ ဖြစ်ကြောင်း စဉ့်ကူးအခြေစိုက် သမန်းကျား ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ သတိပေး ထုတ်ပြန်ပါတယ်။

စဉ့်ကူးနယ်က တန်ပိုဂိတ်တွေကို အောက်တိုဘာ(၅)ရက် နောက်ဆုံးထားပြီး ဖယ်ရှားကြဖို့နဲ့ တန်ပိုဂိတ်တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အနေနဲ့လည်း အလုပ်ပြောင်းကြဖို့နဲ့ သမန်ကျား အဖွဲပက ဆိုပြီး သတ်မှတ်ရက် ကျော်လွန်ပါက အသက် တာဝန် မယူဘူးလို့လည်း ဆိုပါတယ်။

အဲ့ဒီ တန်ပိုဂိတ်တွေက CCTV အချက်အလက်တွေဟာ တော်လှန်ရေး လူငယ်တွေကို ဖမ်းဆီးနိုင်ဖို့ အထောက်အကူ ဖြစ်နေပြီး ဒီလို အချက်အလက်တွေ ပေးနေတာဟာ စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ သမန်းကျားအဖွဲ့က ဆိုပါတယ်။

“ဆန္ဒပြစဉ်က လက်သုံးချောင်း ထောင်ပြ ထားခြင်းအတွက် သက်ညှာပါသည်၊ ဝန်ထမ်းများ အခြားအလုပ် ရှာကြပါ “ လို့ သမန်းကျားအဖွဲ့က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း စစ်ကိုင်းတိုင်းထဲက စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စစ်ဆေးရေးဂိတ်တွေ၊ တန်ပိုဂိတ်တွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဖောက်ခွဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကူး #တန်ပိုဂိတ် #CCTV 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ