မုံရွာမှာ မိုင်းသွားထောင်တဲ့ PDF နှစ်ဦး ပစ်သတ်ခံရမှုမှာ သတင်းပေးတယ်ဆိုတဲ့ ပျူနှစ်ယောက်ကို ဖမ်းဆီး ရှင်းလင်း၊

မုံရွာမှာ မိုင်းသွားထောင်တဲ့ PDF နှစ်ဦး ပစ်သတ်ခံရမှုမှာ သတင်းပေးတယ်ဆိုတဲ့ ပျူနှစ်ယောက်ကို ဖမ်းဆီး ရှင်းလင်း၊

MFP ၊ အောက်တိုဘာ - ၁၆

မုံရွာမြို့နယ်၊ တောပုရွာအနီးမှာ သီတင်းကျွတ်လပြည့်ညက စစ်အုပ်စုကို မိုင်းခွဲ တိုက်ခိုက်ဖို့ မိုင်းသွားထောင်တဲ့ PDF ရဲဘော်နှစ်ဦး စစ်အုပ်စုရဲ့ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းပေးတဲ့ တောပုရွာက ပျူစောထီးနှစ်ယောက်ကို ဖမ်းဆီး ရှင်းလင်းလိုက်တယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၉)ရက် ညပိုင်းက မုံရွာမြို့အနီး ကျေးရွာတွေကို ဝင်မွှေလုယက် မီးရှို့ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းခွဲ တိုက်ခိုက်နိုင်ရေး မိုင်းထောင်ဖို့ သွားတဲ့ အသက်(၁၈)နှင့် အသက်(၂၀)အရွယ်ပြည်သူရဲဘော်နှစ်ဦး စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခြင်း ခံခဲ့ရပါတယ်။

"မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း(၂) တပ်ခွဲ(၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ ရဲဘော် ကိုစည်သူမောင် (ခေါ်)သော်က အသက် (၂၀)၊ ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခ အသက်(၁၈) ရဲဘော်နှစ်ယောက်အား လုပ်ကြံသတ်ဖြတ်မှုတွင် အတိအကျသတင်းပေးသော တောပုကျေးရွာဗျူများ၏ ကင်းထောက်အဖွဲ့ဝင် ပျူနှစ်ယောက်အား အရှင်ဖမ်းမိ" ဆိုပြီး စစ်ဆေးနေချိန် သေဆုံးတယ်လို့ Chindwin Attack Force က ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မုံရွာနှင့် ချောင်းဦးနယ်ထဲက ကျေးရွာတွေကို ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မုံရွာမှာ မိုင်းထောင်ဖို့ သွားရောက်ချိန် စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်-ဖြတ်ခံလိုက်ရတဲ PDF ရဲဘော် နှစ်ဦး/Photo - CAF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ChindwinAttackForce #ပြည်သူ့ရဲဘော် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ