ရေစကြိုနယ်မှာ နှင်းဆီပါတီဥက္ကဌ၊ စစ်ကောင်စီ သတင်းပေးဆိုသူ အသ-တ်ခံရ၊

ရေစကြိုနယ်မှာ နှင်းဆီပါတီဥက္ကဌ၊ စစ်ကောင်စီ သတင်းပေးဆိုသူ အသ-တ်ခံရ၊

MFP ၊ သြဂုတ် - ၁၆

မကွေးတိုင်း ရေစကြိုမြို့နယ် ပေါက္ကူရွာနေ နှင်းဆီပါတီ ဥက္ကဌ၊ စစ်ကောင်စီ သတင်းပေးဆိုသူ ဦးဟန့်တင့် မနေ့ နေ့လည်ပိုင်းက ရွာထိပ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သြဂုတ်(၁၅)ရက် နေ့လည်(၁)နာရီလောက်က ဦးဟန်တင့်ကို ပေါက္ကူရွာ အရှေ့ထိပ်မှာ ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမည်မသိ လူငါးဦးက သေနတ်နဲ့ ပစ်သ-တ်သွားတာလို့ ဆိုပါတယ်။

ဦးဟန်တင့်ဟာ နှင်းဆီပါတီရဲ့ ရပ်ကျေးဥက္ကဌ တစ်ဦးဖြစ်သလို ဒေသတွင်း တော်လှန်ရေး အင်အားစုတွေ အကြောင်း စစ်အုပ်စုကို သတင်းပေးတာ၊ စစ်အုပ်စုနှင့် ပေါင်းပြီး ဒေသခံတွေကို အနိုင်ကျင့် ဖိနှိပ်တာတွေ လုပ်ဆောင်နေသူလို့ ဒေသခံတချို့က ဆိုပါတယ်။

ဦးဟန်တင့် ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုက ပေါက္ကူရွာထဲ ရောက်ရှိလာကာ ဒေသခံပြည်သူတွေကို စစ်ဆေး သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။ ဦးဟန်တင့်က ဘယ်သူက ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP ဥက္ကဌ ဦးကျော်မြင့်ရဲ့ ထောင်ပြေးမှု အပါအဝင် ငွေကြေး အရှုပ်အရှင်း ကိစ္စတွေကြောင့် နှင်းဆီပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းအလိုမှာ ဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #နှင်းဆီပါတီ #ပေါက္ကူ #ရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ