MFP ၊ သြဂုတ် - ၅
ကလေး - တမူးလမ်းပေါ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံရကာ အထိနာ အသေများပြီးနောက် အကြမ်းဖက် စစ်အုပ်စုက ကလေးမြို့နယ် မြောက်ပိုင်းက ရာဇဂြိုလ်မြို့ထဲ အင်အားအများအပြားနဲ့ စီးနင်းဝင်မွှေ သောင်းကျန်းကာ ပြည်သူ့အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ CDF-တွန်းဇံ အဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့က (၆)နာရီခွဲက စစ်အုပ်စု ယာဉ်တန်း တိုက်ခိုက်ခံရကာ စကစ အများအပြား သေပြီးနောက် မိုင်းဆွဲခံရတဲ့ နေရာနားက ရာဇဂြိုဟ်မြို့ထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ပြီး ဝင်မွှေသောင်းကျန်း မီးရှို့နေတာလို့ ဆိုပါတယ်။
“အင်အား (၃၀၀)ကျော် အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ပြည်သူပိုင်အိမ်များ
မီးရှို့” လို့ CDF - တွန်းဇံက ဖော်ပြပါတယ်။
မနေ့ကဩဂုတ်(၄)ရက်က ရာဇဂြိုဟ်မြို့အနီး စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က အယောက်(၅၀)ခန့်သေပြီး အများအပြားဒဏ်ရာရခဲ့တာကြောင့် အထိနာခဲ့တဲ့ စစ်အုပ်စုဟာ အခုလို လုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဆိုပါတယ်။
ရာဇဂြိုဟ်မြို့ထဲမှာ မွှေနောက်ဖျက်ဆီးနေတဲ့ စစ်အုပ်စုနဲ့ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကလေး-ဒေသကာကွယ်ရေးတပ် People's Defence Force (Kalay) ကလည်း ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတွေဟာ ရာဇဂြိုဟ်ရွာအနီး ၅၅မိုင်ရွာထဲက အပြစ်မဲ့ ပြည်သူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အဲ့ဒီထုတ်ပြန်စာမှာ ပါရှိပါတယ်။
ပုံစာ - ကလေးနယ် ရေစဂြိုဟ်ရွာထဲ စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေစဉ်
Photo -CJ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #ရာဇဂြိုဟ် #မီးရှို့
မိုင်းဆွဲခံရပြီးနောက် ကလေးနယ် ရာဇဂြိုဟ်မြို့ထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်း မီးရှို့နေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024