ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်က စစ်ကောင်စီ လက်ပါးစေ ပျူတွေက ခိုးရာပါ ပစ္စည်းတွေနဲ့ မတင်းတိမ်သေးဘဲ ကျည်ကာအင်္ကျီ အလှူခံနေ၊ (၁၃)ထည် လှူသူရှိဟု စစ်လော်ဘီတွေ သတင်းဖြန့်၊

ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်က စစ်ကောင်စီ လက်ပါးစေ ပျူတွေက ခိုးရာပါ ပစ္စည်းတွေနဲ့ မတင်းတိမ်သေးဘဲ ကျည်ကာအင်္ကျီ အလှူခံနေ၊ (၁၃)ထည် လှူသူရှိဟု စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၂၃

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်နယ်ထဲ စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူတွေက ကျည်ကာအင်္ကျီ ရဖို့ အလှူခံနေပြီး ထောက်ပံ့လှူဒါန်းသူတွေ ရှိတယ်လို့ စစ်လောဘီတွေက သတင်းဖြန့်ပါတယ်။

မင်းအောင်လှိုင်ကို သစ္စာခံတဲ့ ပြည်သူ့စစ် အမည်ခံ ပျူတွေအတွက် ကျည်ကာအင်္ကျီရဖို့ ကန့်ဘလူနယ် မှော်တော်ရွာက သင်္ကန်းဝတ် ဝါသဝက ဦးဆောင်ပြီး အောက်တိုဘာ(၂၂)ရက် မနေ့က စတင် အလှူခံရာ ကျည်ကာအင်္ကျီ (၁၃)ထည်ဖိုး လှူဒါန်းသူ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းအနှံ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် ခိုးယူပြီး ဖောက်ထွင်းခိုးယူ ရရှိလာတဲ့ ပစ္စည်းတွေထဲက ဆိုင်ကယ်တွေနှင့် စားနပ်ရိက္ခာတွေကို ပျူတွေကို ခွဲဝေပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဆန်၊ စပါး၊ ဆီ စတဲ့ ခိုးရာပါ ပစ္စည်းတွေကို ထွေအုပ်တွေကတဆင့် မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည် ရောင်းချငွေဖော်စေပြီး ရလာတဲ့ ငွေကို ပျူတွေလက်ထဲ အခမ်းအနားနဲ့ ခွဲဝေးပေးတာတွေ လုပ်နေပါတယ်။

ကန့်ဘလူနယ် ပျူခေါင်းဆောင် ဝါသ၀ ဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ကန့်ဘလူနယ်သာမက ကျွန်းလှနှင့် တန့်ဆည်နယ်ထဲမှာပါ ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့တွေ လိုက်လံဖွဲ့စည်းနေပြီး အဲ့ဒီ ပျူတွေက အနီးအနားက ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ ပြည်သူအချင်းချင်း ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံ့ဖွံ့ အစိမ်း အားကောင်းတဲ့ ရွာတွေကို ပျူရွာတွေအဖြစ် အသွင်ပြောင်းနေတာလို့ တန့်ဆည်ဒေသခံတစ်ဦးက ဆိုပါတယ်။

ပျူတွေ ကြီးစိုးတဲ့ ရွာတွေမှာ အရပ်သားပြည်သူတွေကို ထင်တိုင်းကျဲ ဖိနှိပ်နေပြီး တချို့ကို တခြားဒေသ ပြောင်းရွှေ့နေထိုင်ခွင့် မပေးဘဲ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာ၊ အိမ်ထောင်စုထဲက တစ်ဦးတစ်ယောက် အခြားဒေသ ပြောင်းရွှေ့သွားပါက ကျန်ရစ်တဲ့ မိသားစုကို ခြိမ်းခြောက်ပြီး ပြန်ခေါ်ခိုင်းတာတွေ လုပ်ဆောင်သလို တချို့ရွာတွေမှာတော့ ပျူကို မထောက်ခံသူတွေ ရွာထဲ မနေနိုင်အောင် အိမ်မီးရှို့တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်တယ်လို့ ကိုယ်တိုင်ကြုံနေရတဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုထံကတဆင့် ခိုးရာပါ ပစ္စည်းတွေ အထောက်အပံ့ရရှိနေတဲ့ ပျူတွေက ကျည်ကာအင်္ကျီ အလှူခံနေပြီး စစ်အုပ်စုနဲ့ ပေါင်းပြီး PDF တွေကို တိုက်ခိုက်မယ်လို့ ကြွေးကြော်နေပါတယ်။

ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်နယ်က စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ် အမည်ခံ ပျူအဖွဲ့တချို့/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #တန့်ဆည် #ပျူ #ပြည်သူ့စစ် #ခိုးရာပါပစ္စည်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ