မန္တလေး တံခွန်တိုင်အဝိုင်းမှာ အရပ်ဝတ် စစ်အုပ်စုက လူငယ်နှစ်ဦးကို ပိတ်ဆို့ပစ်ခတ် ဖမ်းဆီး၊ တစ်ဦး အဖမ်းခံရ၊

မန္တလေး တံခွန်တိုင်အဝိုင်းမှာ အရပ်ဝတ် စစ်အုပ်စုက လူငယ်နှစ်ဦးကို ပိတ်ဆို့ပစ်ခတ် ဖမ်းဆီး၊ တစ်ဦး အဖမ်းခံရ၊

MFP ၊ စက်တင်ဘာ - ၃

မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းဘက်မှ ပြေးလာတဲ့ လူငယ်နှစ်ယောက်ကို အရပ်ဝတ်စစ်အုပ်စုက ဒီနေ့ မွန်းလွဲ (၃)နာရီခွဲအချိန်လောက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

လူငယ်နှစ်ယောက်ဟာ ကားနဲ့ပြေးလာတာဖြစ်ပြီး တံခွန်တိုင်အဝိုင်းအနီးက ဂါးဒင်းစီးတီးအိမ်ရာအနီးအရောက်မှာ ဆက်မပြေးနိုင်တော့ဘဲ အနီးက ရေမြောင်းထဲကို ဆင်းပြေးချိန် ပိတ်ဆို့ဖမ်းဆီးကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လူငယ်တစ်ဦးဟာ ခြေထောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဆိုကြပြီး နောက်ထပ်တစ်ဦးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

သူတို့ကို ဖမ်းဆီးတဲ့အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေပြီး လူမသိသူမသိ ဖမ်းဆီးခံလိုက်ရသူတွေလည်း အများကြီးရှိနေနိုင်တယ်လို့ မြို့ခံတစ်ယောက်က မှတ်ချက်ပြုပါတယ်။

စစ်အုပ်စုဟာ မနှစ်က အာဏာသိမ်းပြီးချိန် မန္တလေးမြို့ ၂၂ လမ်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲကို အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့ပြီး ထွက်ပြေးခဲ့တဲ့ လူငယ်တွေကို အနီးက ရေမြောင်းထဲမှာ ရိုက်နှက်ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တံခွန်တိုင်အဝိုင်း #ပစ်ခတ်ဖမ်းဆီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ