ဂန့်ဂေါမှာ စစ်အုပ်စုက မြို့ပေါ် ဂိတ်အစောင့်တွေ အင်အားလျှော့ပြီး ရွာတွေဘက် ဝင်မွှေလုယက်ရာမှာ အသုံးပြုနေ၊

ဂန့်ဂေါမှာ စစ်အုပ်စုက မြို့ပေါ် ဂိတ်အစောင့်တွေ အင်အားလျှော့ပြီး ရွာတွေဘက် ဝင်မွှေလုယက်ရာမှာ အသုံးပြုနေ၊

MFP၊ အောက်တိုဘာ - ၁၅

မကွေးတိုင်း ဂန့်ဂေါမြို့မှာ စစ်အုပ်စုက မြိုအဝင်အထွက်နှင့် မြို့ပေါ်က ဂိတ်တွေမှာ အစောင့်ချထားတဲ့ စကစနှင့် ပျူတွေကို အင်အား လျှော့ချပြီး မြိုနယ်မြောက်ပိုင်းက ကျေးရွာတွေဘက် စစ်ကြောင်းထိုး ဝင်မွှေလုယက် သောင်းကျန်းရာမှာ အသုံးချနေတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

အောက်တိုဘာ (၁၄)ရက် မနက်ပိုင်းက စပြီး ဂန့်ဂေါမြို အဝင်အထွက်ဂိတ် အပါအဝင် မြိုပေါ်က လဝကရုံး အနီးဝန်းကျင်နဲ့ တပ်ဦးကျောင်းတွေနားက ဂိတ်အစောင့် စစ်အုပ်စုတွေ မတွေ့ရတော့ဘူးလို ဆိုပါတယ်။

ဂန့်ဂေါနယ်ထဲ စစ်အုပ်စုက အချိန်မီ အင်အားမဖြည့်နိုင်လို့ မြို့ပေါ်က ဂိတ်အစောင့်ကို ကျေးရွာတွေဘက် ဝင်မွှေလုယက် သောင်းကျန်းဖို့ ခေါ်ယူသွားတာ ဖြစ်နိုင်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

မနေ့က မနက်(၇)နာရီလောက်က စပြီး ဂန့်ဂေါမြို ခလရ (၅၀)ထဲကနေ စစ်တပ်ယူနီဖောင်းဝတ် အင်အား (၁၀၀)ခန့်နဲ့ အရပ်ဝတ်နဲ့ ပျူစောထီး (၄၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဂန့်ဂေါမြိုနယ်မြောက်ပိုင်းက ကျေးရွာတွေဘက် ထွက်ခွားသွားပြီး ကျေးရွာတွေထဲ ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းနေတယ်လို့ ယောသတင်းမှန် ပြန်ကြားရေးအဖွဲက ပြောပါတယ်။

"ခလရ စစ်ခွေးတွေနဲ့ ပျူစောထီးတွေရဲ့ စစ်ကြောင်း ဗျူဟာ ဘယ်လို ခင်းကျင်းမလဲ ဆိုတဲ့အပေါ်မူတည်ပြီး တိုက်စစ်ဆင်သွားဖို့ ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေကတော့ ပြည်သူကို မထိခိုက်ဖို ဦးစားပေးသွားပါလိမ့်မယ်"လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲမှ တာ ဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်း မြောက်ခင်းရန်ရွာမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေ ပေါင်းပြီး သီတင်းကျွတ်လပြည့်ကျော်(၈)ရက် (အောက်တိုဘာ ၁၇)မှာ ဆွမ်းလောင်းပွဲ လုပ်ဖိုရှိတာကြောင့် ပျူ အပါအဝင် စကစတွေ မြောက်ခင်ရန်းရွာဘက် သွားစုနေတယ်လို့လည် ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ဂန့်ဂေါမြိုပေါ်မှာတော့ ခလရ (၅၀)ရှေ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား ငါးယောက်ခန့် လုံခြုံရေး ယူနေတာကလွဲလို မြို့အဝင်အထွက်နဲ့ မြို့ပေါ်လုံခြုံရေးတွေကို ရုတ်သိမ်းထားတယ်လို့ ဆိုပါတယ်။

ယောမြို့တော် ဂန့်ဂေါမြို့မှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ပြီးခဲ့တဲ့ ၂၀၂၁ က ချီတက် ဆန္ဒပြခဲ့စဉ်/Photo -KNA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #ယော

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ