ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမြို့မှာ ကျောင်းသားလူငယ်တွေ ချီတက် ဆန္ဒပြ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမြို့မှာ ကျောင်းသားလူငယ်တွေ ချီတက် ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၁၂

ဖက်ဆစ်တပ်က ထင်တိုင်းကျဲ အကြမ်းဖက် သတ်-ဖြတ်နေတဲ့ကြားက မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂမှ လူငယ်များ ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းဟာ ဒီနေ့ အောက်တိုဘာ(၁၂)ရက်မှာလည်း ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်း ရရှိပါတယ်။

သခင်ဗဟိန်းရဲ့ "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်" ဆိုတဲ့ စာတန်းပါဘန်နာကို ကိုင်စွဲပြီး မုံရွာမြို့ပေါ် လမ်းမတစ်နေရာမှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက် ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ