တမူးမြို့မှာ စစ်အုပ်စုက ဆိုင်ကယ်စီးလာသူ နှစ်ဦးကို ပစ်သ-တ်ပြီး PDF တွေမို့ သတ်တာလို့ သတင်းဖြန့်၊ အိန္ဒိယနိုင်ငံသားတွေ အပါအဝင် တမူးမြို့မှာ ပျူတွေရဲ့သတ်ဖြတ်ခြင်းခံရသူ (၁၀)ဦးအထက် ရှိလာ၊

တမူးမြို့မှာ စစ်အုပ်စုက ဆိုင်ကယ်စီးလာသူ နှစ်ဦးကို ပစ်သ-တ်ပြီး PDF တွေမို့ သတ်တာလို့ သတင်းဖြန့်၊ အိန္ဒိယနိုင်ငံသားတွေ အပါအဝင် တမူးမြို့မှာ ပျူတွေရဲ့သတ်ဖြတ်ခြင်းခံရသူ (၁၀)ဦးအထက် ရှိလာ၊

MFP၊ သြဂုတ် - ၈



အိန္ဒိယ - မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအဖွဲက ဆိုင်ကယ်စီး သွှားလာနေသူ နှစ်ဦးကို ဖမ်းဆီးပြီး နှာဖူးကို သေနတ်နဲ့ တေ့ကာ ပစ်ခတ် သ-တ်-ဖြတ်ခဲ့တယ်လို ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။



သြဂုတ်(၆)ရက်က တမူးမြို၊ မြိုမ (၁၂)ရပ်ကွက် ပါဟဲတံနားအနီးမှာ ဆိုင်ကယ်စီး သွားလာနေသူ နှစ်ဦးကို စကစ ပျူတွေက နဖူးတေ့ပြီး ပစ်သတ်လိုက်တာလို့ ဆိုပြီး အသက်ဆုံးရှုံးခဲ့သူ နှစ်ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။



ပြည်သူနှစ်ဦးကို နဖူးတေ့ပြီး ပစ်သ-တ်ခဲ့တာနဲ့ ပတ်သက်ပြီး PDF တွေမို့ သ-တ်တာလို့ တမူးမြို့ကို ကွပ်ကွဲနေတဲ့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က ဝါဒဖြန့် သတင်းထုတ်ပါတယ်။



သြဂုတ်(၆)ရက် မနက်ပိုင်းက တမူးမြို၊ မြိုမ(၁၂-ခ)ရပ်ကွက်၊ ပါဟဲ တံတားမှာ တံတားပေါ်က ဖြတ်သန်းလာတဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းရာ မရပ်ဘဲ ဆက်မောင်းသွားလို့ ပစ်သ-တ်လိုက်တာလို့ မုံရွာ နမခ က သတင်းဖြန့်ပါတယ်။

No photo description available.



တမူးမြို့၊ မြိုမ (၁၂)ရပ်ကွက်ဟာ စစ်ကောင်စီ လက်ပါးစေ ပျူတွေ ကြီးဆိုးသောင်းကျန်းနေတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပြီး ရပ်ကွက်ထဲ ဖြတ်သန်း သွားလာသူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သ-တ်-ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။



"အဲနေရာက ပျူတွေ အများဆုံးနေတဲ့ ရပ်ကွက်၊ မြိုမ(၁၂)ရပ်ကွက်။ အဲနေရာအနီးမှာ သူတို့ သ-တ်တာ မနည်းတော့ဘူး။ (၁၀) ယောက်နဲ့ (၁၅) ယောက်အတွင်း ရှိမှာ"လို ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် (၃၁)ရက်ကလည်း မြို့မ(၁၂)ရပ်ကွက်ထဲ ဖြတ်သန်းသွားလာတဲ့ ပြည်သူတစ်ဦးကို လက်နက်ကိုင် သောင်းကျန်းနေတဲ့ ပျူတွေက ဖမ်းဆီးကာ CDF လို့ စွပ်စွဲပြီး ပါဟဲတံတားထိပ် ဆွမ်းလောင်ဓမ္မာရုံအနီးမှာ သေနတ်နဲ့ ပတ်သတ်ခဲ့ပါသေးတယ်။



ဒါ့အပြင် စစ်အုပ်စု လက်ပါးစေ ပျူတွေဟာ ဇူလိုင်(၅)ရက်ကလည်း တမူးမြို၊ စောဘွားရပ်ကွက် အမှတ် (၄)ကျောင်း အနီးမှာ အိန္ဒိယနိုင်ငံသား နှစ်ဦးကို ပစ်သတ်ပြီး အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့ပါသေးတယ်။



တမူးမြို့မှာ စကစ ပျူတွေကို ဆိုင်ကယ်စီးလာသူ နှစ်ဦးကို သ-တ်ပြီးနောက် သေဆုံးသူတွေထံက လက်လုပ်မိုင်းတွေ့တယ်လို့ သတင်းမှားဖြန့်စဉ်/Photo – S



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #ပြည်သူ #အရပ်သား #ဖမ်းဆီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ