ပုဂံကို လာလည်သူ များပြားလို့ နှစ်နှစ်ကျော် ရပ်နားထားတဲ့ မီးပုံပျံတွေ ပြန်လည်ပျံသန်း၊

ပုဂံကို လာလည်သူ များပြားလို့ နှစ်နှစ်ကျော် ရပ်နားထားတဲ့ မီးပုံပျံတွေ ပြန်လည်ပျံသန်း၊

MFP ၊ အောက်တိုဘာ - ၁၀

မန္တလေးတိုင်း ပုဂံ-ညောင်ဦး ဒေသကို လာရောက်လည်ပတ်သူတွေ များပြားတာကြောင့် နှစ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ ပုဂံရှု့ခင်းကြည့် မီးပုံးပျံ (Balloonns)တွေ သီတင်းကျွတ် လပြည့်က စတင်ပြီး ပြန်လည် ပျံသန်းနေပြီလို့ စစ်ကောင်စီ သစ္စာခံ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ဖြစ်တဲ့ အောက်တိုဘာ(၉)ရက်က ပုဂံ - ညောင်ဦး ဒေသကို နိုင်ငံတဝန်းက လူဦးရေ (၇၀,၀၀၀) ကျော် လာရောက် လည်ပတ်ခဲ့ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အားလုံးမှာ လူပြည့်နေတယ်လို့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ ပြန်ကြားရေးက ဖော်ပြပါတယ်။

ပုဂံ - ညောင်ဦးကို လာရောက်လည်ပတ်သူတွေ ဝေဟင်ကနေ ပုဂံရှုခင်းတွေ ကြည့်နိုင်ဖို့ ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloonns အဖွဲ့က အောက်တိုဘာ(၉)ရက်မှာ တစ်စီးကို လူ(၁၆)ဦးဆံ့ မီးပုံးပျံနှစ်လုံး ပျံသန်းခဲ့တယ်လို့ စစ်ကောင်စီ သစ္စာခံ ညောင်ဦးမြို့နယ် ကောင်စီ ဥက္ကဌ ဦးနန်းတင့် က ဆိုပါတယ်။

ရွှေလေတံခွန် (နီညိုရောင်)မီးပုံးပျံ ဓာတ်ငွေ့ Balloonns အဖွဲ့က လူလိုက်ပါစီးနင်းနိုင်တဲ့ မီးပုံးပျံတွေ ပြန်လည် ပျံသန်းတာ ဖြစ်ပြီး နေ့စဉ် ပျံ၊ မပျံကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် ၂၀၂၀ မတ်လက စတင်ပြီး ပုဂံ - ညောင်ဦး ဒေသက လူစီးမီးပုံးပျံ ပျံသန်းမှုတွေ ရပ်နားထားရတာ ဖြစ်ပါတယ်။

ပုဂံ - ညောင်ဦး ဒေသကို နိုင်ငံတဝန်းကနေ လာရောက်လည်ပတ် ပျော်ပါးနေကြပေမယ့် ပုဂံ - ညောင်ဦးက ဒေသခံတွေကတော့ စစ်အုပ်စုရဲ့ ဖမ်းဆီး ဖိနှိပ် သတ်-ဖြတ်တာကို ခံနေရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက်(၃၀)အရွယ် အမျိုးသမီးငယ် တစ်ဦး အပါအဝင် ညောင်ဦးမြို့နယ်က NLD ပါတီဝင် ခြောက်ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီး အမျိုးသားတွေကို လည်လှီး သတ်-ဖြတ်ခဲ့ကာ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်-ဖြတ်ခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၀) သီတင်းကျွတ်လပြည့်ကျော် (၁)ရက် ပုဂံ ညောင်ဦးကို လာရောက်လည်ပတ်သူတွေကို တွေ့ရစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုဂံ #ညောင်ဦး #မီးပုံပျံ #ဘုရားဖူး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ