ထီးချိုင့် - မြတောင်လမ်းဆုံက စစ်အုပ်စု ဂိတ်တဲကို ဗုံးထောင်ဖောက်ခွဲ၊ စကစ နှစ်ယောက် သေဟုဆို၊

ထီးချိုင့် - မြတောင်လမ်းဆုံက စစ်အုပ်စု ဂိတ်တဲကို ဗုံးထောင်ဖောက်ခွဲ၊ စကစ နှစ်ယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၃

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံက စစ်အုပ်စုရဲ့ ဂိတ်တဲကို ဒီမနက်ပိုင်း မိုင်းထောင်ဖေဖာက်ခွဲ တိုက်ခိုက်ခဲ့ရာ ဂိတ်ဖွင့်ဖို့ တဲထဲ ဝင်လာတဲ့ စကစ နှစ်ယောက် သေတယ်လို့ ထီးချိုင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ - Special.9 – HPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၃)ရက် မနက်(၆)နာရီခွဲက မြတောင်လမ်းဆုံရှိ စစ်အုပ်စုရဲ့ ဂိတ်တဲမှာ ဗုံးနှစ်လုံး ပေါက်ကွဲ ခဲ့တာလို့ ဆိုပါတယ်။

“မြတောင်လမ်းဆုံဂိတ် အုံးသံ ကြားလိုက်ရဲ့မလား။ စောစောစီးစီး ကျက်သရေ ရှိချက်။ ဂိတ်တဲထဲ လမ်းကြေးကောက်ဖို့ စောင့်နေတဲ့ စခ နှစ်ကောင်ကတော့ တစ်စစီ လိုက်မကောက်ရရင် ကံကောင်းပဲ။ ဂိတ်အပြင်က စခကတော့ ခြေထောက်ပြတ်ထွက်သွားတယ်လို့ ကြားသိရပါတယ်။ တခြားနေရာတွေလည်း ထိထားပြီး ရှောနိုင်ခြေ များပါတယ်။ မိုင်းနှစ်လုံးဆွဲပြီး ရှယ်ကြွေးလိုက်တယ်။ မိုင်းကလည်း မထိမှာ မပူရဘူး။ ဂိတ်တဲအထဲ ချပေးထားတာ။ မြွေဆိုရင်တောင် ထကိုက်တယ်။ သူတို့ဖာသူတို့ ဂိတ်ကြေးကောက်ဖို့ပဲ လောဘ တက်နေတာ ဆိုတော့ ကန်းပြီပေါ့။ ကျနော်တို့ အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ထီးချိုင့် Special.9 – HPDF က ဖော်ပြပါတယ်။

ထီးချိုင့်မြို့ပေါ်မှာတော့ ဒီမနက် (၈)နာရီက စတင်ပြီး စစ်အုပ်စုက လက်နက်ပြကာ ပြည်သူကို မိုက်ကြေးခွဲ ငွေညှစ်တာတွေ လုပ်ဆောင်နေပြီး မှတ်ပုံတင်စစ်တာ၊ ကိုဗစ်လက်မှတ် စစ်တာ၊ ဆိုင်ကယ်တစ်စီး ယောင်္ကျားလေးနှစ်ယောက်တွဲ စီးသူတွေကို ရန်ပြု ဖမ်းဆီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့ - TR က ဖော်ပြပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press_MFP #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #မြတောင် #special9-HPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ