မန္တလေးမှာ သွေးသောက်အဖွဲ့ အမည်ခံ စစ်အုပ်စုက အမျိုးသား သုံးဦးကို လည်လှီးသ-တ်၊ အလောင်းတွေကို လူအသွားအလာများတဲ့ လမ်းပေါ် စွန့်ပစ်ထား၊

မန္တလေးမှာ သွေးသောက်အဖွဲ့ အမည်ခံ စစ်အုပ်စုက အမျိုးသား သုံးဦးကို လည်လှီးသ-တ်၊ အလောင်းတွေကို လူအသွားအလာများတဲ့ လမ်းပေါ် စွန့်ပစ်ထား၊

MFP ၊ စက်တင်ဘာ - ၁၁

မန္တလေးမြို့၊ စစ်ကိုင်း - မန္တလေး ကားလမ်း၊ ဧရာဝတီမြစ်တာရိုး၊ တံတားဖြူ ရေထိန်းတံခါးအနီးမှာ ဒီမနက်ပိုင်း လည်ပင်း လှီးဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား သုံးဦးရဲ့ အလောင်းတွေကို တွေ့ရပြီး အလောင်းတွေပေါ်မှာ သွေးသောက်အဖွဲ့ ဆိုတဲ့ စာတန်းတွေ ချိတ်ဆွဲထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သွေးသောက်အဖွဲ့ ဆိုတာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့၊ စကစ နယ်ထိန်းရဲ၊ ပျူနှင့် ရပ်ကွက်အုပ်ကြီးတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ သ-တ်-ဖြတ် နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၁)ရက် မနက်(၆)နာရီကျော်က စစ်ကိုင်း - မန္တလေးကားလမ်း၊ ဧရာဝတီမြစ် တာရိုးပေါ်က တံတားဖြူ ရေထိန်းတံခါး အနီးမှာ ကားလမ်းပေါ် စွန့်ပစ်ထားတဲ့ အလောင်းတွေ တွေ့ရှိရတာ ဖြစ်ပြီး သေဆုံးသူ သုံးဦးဟာ အသက်(၃၀)ဝန်းကျင် အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသား သုံးဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။

မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းထဲမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေနှင့် NLD ပါတီဝင်တွေကို စစ်အုပ်စုက သွေးသောက်အဖွဲ့ အမည်ခံကာ မကြာခဏ ဖမ်းဆီး သ-တ်-ဖြတ် နေပြီး မန္တလေးမြို့မှာတင်ပဲ သွေးသောက်အဖွဲ့ အမည်ခံ စစ်အုပ်စုရဲ့ သ-တ်-ဖြတ်ခြင်း ခံရသူ (၁၀)ဦးထက်မနည်း ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သွေးသောက်အဖွဲ့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ