မြောင်မှာ PDF ဟန်ဆောင်ထားတဲ့ အရပ်ဝတ် စကစ နှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီး၊ ဗိုလ်တစ်ယောက် အသေဖမ်းမိ၊

မြောင်မှာ PDF ဟန်ဆောင်ထားတဲ့ အရပ်ဝတ် စကစ နှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီး၊ ဗိုလ်တစ်ယောက် အသေဖမ်းမိ၊

MFP ၊ စက်တင်ဘာ - ၈

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ PDF ဟန်ဆောင်ကာ အရပ်ဝတ်နဲ့ လှည့်ပတ်သွားလာ သောင်းကျန်းနေတဲ့ စကစ နှစ်ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဗိုလ်အဆင့်ရှိ စကစ တစ်ယောက်ကို အသေဖမ်းမိပြီး လွတ်မြောက်သွားတဲ့ စကစလည်း ဒဏ်ရာရပြီး စခန်းအရောက်မှာ သေတယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း(၃)က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က စက်တင်ဘာ(၇)ရက် မနက်(၁၁)နာရီက မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းထဲက ထွက်လာပြီး PDF ဟန်ဆောင်ကာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ စကစ နှစ်ယောက်ကို ဒေသကာကွယ်ရေး တပ်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ယောက်ကို အသေဖမ်းမိပြီး ကျန်တစ်ယောက်က ဒဏ်ရာတွေနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“မြောင်မြို့နယ် ကျောက်ရစ်စခန်းတွင် လေယာဉ်ဖြင့် အင်အားတိုး လာချသွားခဲ့သော စခများထဲမှ စခ အရာရှိဗိုလ် တစ်ဦး၊ တပ်သားတစ်ဦး၊ ပေါင်းနှစ်ဦးသည် စက်တင်ဘာ(၇)ရက်၊ နံနက်(၁၁)နာရီဝန်းကျင်တွင် ကျောက်ရစ်စခန်းမှ PDF ဟန်ဆောင်ကာ အရပ်ဝတ်ဖြင့် ကင်းလှည့်ချိန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးမှု ပြုလုပ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အရာရှိဗိုလ် တစ်ဦးနေရာတွင် ပွဲချင်းပြီး ငရဲသို့ သွားပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားသော်လည်း ခွေးစခန်းသို့ ရောက်ချိန် သွေးထွက်လွန်ကာ ငရဲသို့ ထပ်မံလားခဲ့ပါသည်” လို့ မြင်းခြံခရိုင် PDF တပ်ရင်း(၃) - တပ်ဖွဲ့ (၂) တောင်သာ PDF က ဖော်ပြပါတယ်။

စကစ ဗိုလ်အဆင့် တစ်ယောက်ကို အသေဖမ်းမိပေမယ့် လက်နက်မပါလာတဲ့အတွက် လက်နက် သိမ်းယူရရှိတာတော့ မရှိဘူးလို့ တောင်သာ TTA ပြောက်ကျားတပ် ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“(လက်နက်)မရဘူး။ ထိတဲ့ကောင်နောက် တစ်လတ်ပါသွားတယ်။ အဲ့ကောင်က စခန်းပြန်ရောက်တော့ လတ်နက် မပါတော့ဘူးတဲ့။ လမ်းမှာ ဖွက်ထားခဲ့ (တာဖြစ်မယ်) ပြီးတော့ ဒီနေ့ သေသွားတာ” လို့ တောင်သာ TTA ပြောက်ကျားတပ် ရဲဘော်က ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၆)ရက် နေ့လည်(၂)နာရီကလည်း မြောင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို သနပ်ကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက စနိုက်ဘာ၊ လက်နက်ငယ် ၊ (၄၀မမ)တွေနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စနိက်ပါထိပြီး စကစ နှစ်ယောက် သေသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄) -MSPDF ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၁) – (27 Revolution Force၊ Burmese Guerrilla Force၊ 11Brother Force -မြောင်)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃)-တပ်ခွဲ-(၁)-(မြေလတ် PDF)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃)- တပ်ခွဲ(၂) - (TTA-ပြောက်ကျားတပ်၊ TaungTha PDF)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၃)- တပ်ခွဲ (၃)- (Seven People Defense Force ၊ Scorpions People Defense Force ၊ MGN Black Tiger) ၊ Natogyi Regional Defence Force နှင့် မြောင် ကျေးရွာတပ်ပေါင်းစု တပ်ဖွဲပတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီး ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

PDF ဟန်ဆောင်ကာ အရပ်ဝတ်နဲ့ မြောင်နယ်ထဲ လှည့်မွှေ သောင်းကျန်းနေချိန် အသေဖမ်းမိခဲ့တဲ့ ဗိုလ်အဆင့် စကစတစ်ယောက်/Photo - ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #မြင်းခြံ #TTA #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ