မလှိုင်နယ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ စကစ သုံးယောက် သေဟုဆို၊

မလှိုင်နယ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်၊ စကစ သုံးယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၁

မန္တလေးတိုင်း မလှိုင်မြို့နယ် သက္ကယ်ကျင်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဩဂုတ်လ (၃၁)ရက် ညနေ (၆)နာရီခန့်က လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နွားထိုးကြီး NPDF က သတင်းထုတ်ပြန်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စကစ သုံးယောက် ငရဲရောက်သွားပြီး ကျန်တဲ့ လေးယောက်က ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်အုပ်စုဟာ ကျေးရွာအုပ်ကြီးနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် ရက်စက်ယုတ်မာတာတွေ အကြိမ်ကြိမ် ပြုလုပ်နေတဲ့အတွက် ဆုံးမခဲ့တာဖြစ်တယ်လို့ နွားထိုးကြီး NPDF က ရှင်းပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #စစ်အုပ်စုကလက်နက်ကြီးနဲ့ထု #မလှိုင

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ