တန့်ဆည်မှာ ကျပ်သိန်း(၁၀၀)ကျော်တန် ဖက်ဆစ်တပ်ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီး၊

တန့်ဆည်မှာ ကျပ်သိန်း(၁၀၀)ကျော်တန် ဖက်ဆစ်တပ်ထုတ်ကုန် ဘီယာတွေကို ဖျက်ဆီး၊

MFP ၊ သြဂုတ် - ၂၆

စစ်ကိုင်းတိုင်း တန့်ဆည်နယ်မှာ ကျပ်သိန်း(၁၀၀)ကျော် တန်ဘိုးရှိတဲ့ ဖက်ဆစ်တပ် ထုတ်ကုန် ဘီယာတွေ ဖမ်းဆီးရမိခဲ့ပြီး ဖျက်ဆီးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒဂုံဘီယာတွေ ဖမ်းမိခဲ့တာလို့ တန့်ဆည် ပကဖ က ဆိုပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

ဖက်ဆစ်တပ်ရဲ့ ထုတ်ကုန်တွေကို သုံးစွဲတာဟာ ပြည်သူတွေကို သ-တ်မယ့် ကျည်ဆံဖိုး ထောက်ပံ့ပေးသလို ဖြစ်နိုင်တာကြောင့် ဖက်ဆစ်တပ်ရဲ့ ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ ဒေသခံအချင်းချင်း သတိပေး တိုက်တွန်းနေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ဖက်ဆစ်တပ်ရဲ့ ထုတ်ကုန်တွေ သယ်ဆောင်ရောင်းဝယ်တာတွေကို စစ်ဆေး ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ဘီယာ #ဖျက်ဆီး #PDF #ပကဖ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ