မြစ်သားမှာ ဖမ်းခံရတဲ့လူငယ်ကို ဓားစားခံလုပ်ပြီး PDF စခန်းကို လိုက်ပြခိုင်းကာ စီးနင်း၊ စခန်းရှိလူအားလုံး လွတ်မြောက်

မြစ်သားမှာ ဖမ်းခံရတဲ့လူငယ်ကို ဓားစားခံလုပ်ပြီး PDF စခန်းကို လိုက်ပြခိုင်းကာ စီးနင်း၊ စခန်းရှိလူအားလုံး လွတ်မြောက်

MFP ၊ ဩဂုတ် - ၁၅

မန္တလေးတိုင်း မြစ်သားမြို့နယ်မှာ ဖမ်းခံရတဲ့လူငယ်ကို စစ်အုပ်စုက ဓားစားခံလုပ်ပြီး PDF စခန်းကို လိုက်ပြခိုင်းကာ စီးနင်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဩဂုတ်လ (၁၄)ရက် မနက်နေ့က ညနေပိုင်းမှာ မြစ်သားနဲ့ ရှမ်းပြည်နယ် ရွာငံမြို့နယ်အစပ်မှာရှိတဲ့ ပြည်လုံးအံ့ရွာအနီးက သိုးခမောက်တောင်ပေါ်ကို ဝင်ရောက်စီးနင်းခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် စခန်းမှာရှိတဲ့ရဲဘော်တွေ အကုန်လုံး လွတ်မြောက်သွားပြီး စခန်းထဲမှာကျန်ခဲ့တဲ့ မိုင်းယမ်းကြိုး၊ မှန်ပြောင်း၊ စားစရာဆန်နဲ့ ရိက္ခာတွေကို စစ်အုပ်စုက သိမ်းဆည်းသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကျောက်ဆည်ခရိုင်ထဲမှာ ဖရဲသီးဟန်ဆောင်ထားတဲ့ ကျောက်ဆည်အထည်ချုပ်စက်ရုံယာဉ်မောင်းတစ်ဦးဟာ မြစ်သားနဲ့ ကူမဲနယ်က UG တွေ၊ သပိတ်လူငယ်တွေ၊ တော်လှန်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ကျော်ကြာ ချိတ်ဆက်ခဲ့ပြီးတဲ့နောက် သူ့ကို စစ်အုပ်စုက အဖမ်းပြကာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ကူမဲနယ်က လူငယ် (၂၀)ကျော် အဖမ်းခံရတဲ့အပြင် နောက်ဆက်တွဲအဖြစ် ဖမ်းဆီးမှုတွေ၊ စခန်းစီးနင်းမှုတွေ ဆက်တိုက်ဖြစ်ပွါးနေတာလို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြစ်သား #PDFစခန်း #စီးနင်းခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ